မင်္ဂလာပါ… ပျိုမဒီတို့ရေ… ခြေထောက်လှလှလေးတွေပိုင်ထားတဲ့သူဆိုရင် မိန်းကလေးတိုင်း သဘောကျလို့ အချင်းချင်းတောင် အားကျရပါတယ်။ ဒီလို ခြေထောက်လှလှလေးတွေပိုင်ဆိုင်ဖို့က တကယ်တော့ သင်ထင်ထားသလောက် မခက်ပါဘူး။

ရေချိုးပြီးတိုင်း ခြေထောက်ကို အစိုဓာတ်ထိန်းတဲ့ အလေ့အကျင့်လုပ်ပါ။ အစိုဓာတ်ထိန်းပေးတာက ခြေဖနောင့်ခြောက်တာနဲ့ ကြမ်းတာကို ကာကွယ်ပေးပါတယ်။

ခြေအိတ်ကို နှစ်ခါမဝတ်ပါနဲ့။ မလျှော်ရသေးတဲ့ခြေအိတ်တွေက ဘက်တီးရီးယားတွေ ပေါက်ဖွားနိုင်လို့ပါ။

ဘက်တီးရီးယားတွေ ပုန်းအောင်နိုင်တာကြောင့် ခြေချောင်းတွေကြားကို ဆေးကြောဖို့ မမေ့ပါနဲ့။

ခြေထောက်အသားအရေကို နူးညံ့စေဖို့အတွက် ခြေထောက်ကို Exfoliation လုပ်ပေးပါ။

Exfoliation လုပ်ပြီးတိုင်း Foot Treatment လုပ်ပေးဖို့ မမေ့ပါနဲ့။

တစ်နေ့တစ်ကြိမ် Foot Cream လိမ်းပေးပါ။

အပူရှိန်ကြောင့် ခြေဖဝါးကနေ ချွေးစေးထွက်တဲ့အခါ အနံ့ဆိုးထွက်တာမျိုးတွေ ဖြစ်တတ်ပါတယ်။ Foot powder က ချွေးတွေကို စုပ်ယူပေးပြီး အနံ့ဆိုးတွေကို သက်သာစေပါတယ်။