လူတစ်ယောက်ကို မမေ့နိုင်သေးတဲ့အခါမှာ လွမ်းဆွတ်သတိရပြီး နာကျင်နေရတတ်ပါတယ်။ သူ့အကြောင်းတွေကိုလည်း အမြဲတွေးနေမိပါတယ်။ ဒါပေမယ့် ဒီလိုတွေတွေးနေရင်၊ ဒါတွေပဲစဉ်းစားနေရင် ကိုယ်ပဲ ပိုပင်ပန်းရမှာပါ။ ဒါကြောင့် လူတစ်ယောက်အကြောင်းကိုပဲ အမြဲတမ်းစဉ်းစားမိနေတဲ့စိတ်ကို ရပ်တန့်သွားအောင် လုပ်ပေးနိုင်မယ့်အရာတွေကို မျှဝေပေးလိုက်ပါတယ်။

Move on လုပ်ဖို့ဆုံးဖြတ်ချက်ချပါ

လူတစ်ယောက်အကြောင်းကိုပဲ အမြဲတမ်းစဉ်းစားမိနေတဲ့စိတ်ကို ရပ်တန့်သွားအောင်လုပ်ချင်ရင် အရင်ဆုံးလုပ်ရမှာက Move on လုပ်ဖို့ပါပဲ။ အရင်ကအကြောင်းအရာတွေကို ပြန်တွေးမနေပါနဲ့တော့။ ရအောင်မေ့ပစ်မယ်ဆိုတဲ့ ဆုံးဖြတ်ချက်ကိုချလိုက်ပါ။ စိတ်အလိုလိုက်ပြီး စဉ်းစားမနေပါနဲ့တော့။

တခြားအကြောင်းစဉ်းစားပါ

အဲ့ဒီလူအကြောင်းပဲ ခေါင်းထဲပေါ်လာရင် တခြားအကြောင်းတွေကို ပြောင်းပြီးစဉ်းစားလိုက်ပါ။ အာရုံပြောင်းလိုက်ပါ။ ဒီလိုပဲကြိုးစားသွားရင်တော့ သူ့အကြောင်း စဉ်းစားမိနေတာတွေက တစ်ဖြေးဖြေးနဲ့ နည်းလာမှာပါ။

သူငယ်ချင်းတွေနဲ့အမြဲတွေ့ပေးပါ

တစ်ယောက်ထဲနေရင် ပိုတွေးမိတာကတော့ သဘာဝပါပဲ။ ဒါကြောင့် သူငယ်ချင်းတွေနဲ့ အမြဲတွေ့ပေးပါ။ လျှောက်သွားပါ။ ဘာပဲဖြစ်ဖြစ် တစ်ယောက်ထဲနေတာထက်စာရင်တော့ သူငယ်ချင်းတွေနဲ့တွေ့လိုက်ရရင် ပိုပြီး စိတ်ချမ်းသာပျော်ရွှင်ရပါတယ်။ စိတ်သက်သာရာ ရစေပါတယ်။ သူ့အကြောင်းတွေလည်း စဉ်းစားနေမိတော့မှာ မဟုတ်ပါဘူး။

ကိုယ့်ကိုယ်ကိုပျော်အောင်ထားပါ

ကိုယ်ဖြစ်ချင်တာ၊ လုပ်ချင်တာ၊ လိုချင်တာ အားလုံးကို ကိုယ့်စိတ်တိုင်းကျလုပ်ပစ်လိုက်ပါ။ တခြားသူအကြောင်းစဉ်းစားပြီး ခံစားနေရမယ့်အစား၊ ဝမ်းနည်းပြီး နာကျင်နေရမယ့်အစား ကိုယ့်ကိုယ်ကိုပဲ ပျော်အောင်ထားလိုက်ပါ။

ဝါသနာအသစ်တွေပုံဖော်ကြည့်ပါ

သူ့အကြောင်းပဲတွေးနေမိတဲ့စိတ်ကို ဖယ်ရှားနိုင်ဖို့အတွက် အတွေးအသစ်တွေကို ထည့်ရပါမယ်။ အဲ့အတွက် ဝါသနာအသစ်တွေကိုရှာဖွေပြီး အကောင်အထည်ဖော် လုပ်ကြည့်ပါ။ အသစ်တွေကို လုပ်နေရရင် အတွေးတွေမပြန့်လွင့်တော့ပဲ ဒီထဲမှာပဲ စိတ်ရောက်နေမှာပါ။

ရှေ့ဆက်ရမယ့်ကိုယ့်အနာဂါတ်ကိုစဉ်းစားပါ

ကိုယ့်ဆီမှာမရှိတော့တဲ့ လူတစ်ယောက်အကြောင်းကို အချိန်ကုန်ခံ၊ စိတ်ပင်ပန်းခံပြီး စဉ်းစားနေမယ့်အစား ရှေ့ဆက်ရမယ့် ကိုယ့်အနာဂါတ်ကိုစဉ်းစားပြီး အကောင်းဆုံးတွေဖြစ်အောင်ပဲ ကိုယ့်ကိုယ်ကိုမြှင့်တင်ပြီးနေပါ။ ကိုယ့်ကိုယ်ကိုတန်ဖိုးထားပြီး ချစ်ပေးပါ။ ကိုယ့်ဘဝအတွက် ပိုပြီးကြိုးစားကြည့်ပါ။ အချိန်တန်ရင် ပူဆွေးပြီးနာကျင်ခဲ့ရတာတွေ၊ အချိန်ကုန်ခံပြီးစဉ်းစားနေခဲ့တာတွေက ဟာသတစ်ခုလို ဖြစ်သွားမှာပါ။