အမျိုးသမီးတို့ ပြင်ဆင်ချယ်သတဲ့ အရာတွေထဲမှာ မျက်ခုံးမွှေးလည်း ပါဝင်ပါတယ်။ မျက်ခုံးမွှေးထူတဲ့သူတွေက တကူးတက ဆွဲစရာမလိုပေမယ့် မျက်ခုံးမွှေးမရှိတဲ့သူတွေ (သို့) မျက်ခုံးမွှေးပါးတဲ့သူတွေကတော့ မျက်ခုံးမွှေး ဆွဲပေးဖို့လိုပါတယ်နော်။

မျက်ခုံးထူထူ ၊ ပါးပါး ဒီကနေ့ခေတ်မှာ မျက်ခုံးမွှေးလှလှကို ပိုင်ဆိုင်နိုင်နေပါပြီ။ မျက်ခုံးမွှေးမဆွဲခင် အရင်ဆုံးတော့ သင့်မျက်ခုံးမွှေးကို ပုံဖော်ထားပါ။ ရိတ်တာဖြစ်ဖြစ် Waxing လုပ်တာဖြစ်ဖြစ် လုပ်ပေးနိုင်ပါတယ်။

မျက်ခုံးမွှေးကို နှမျောမနေပါနဲ့နော်။အခုလိုမျိုး ပုံဖော်ပြီး ရိတ်တာ (သို့) Waxing လုပ်ပေးလိုက်မှ မျက်ခုံးမွှေးဆွဲရ ပိုအဆင်ပြေမှာဖြစပါတယ်။

၁။ မျက်ခုံးမွှေးပုံဖောထားပြီးပြီဆိုရင် အရင်ဆုံး မျက်ခုံးမွှေးကို Eyebrow Gel နဲ့ ခြစ်ချလိုက်ပါ။ ပြီးရင် မျက်ခုံးအပေါ်နဲ့အောက်ကို မျက်ခုံးဆွဲတံနဲ့ စဆွဲလိုက်ပါ။ ပြီးရင် မျက်ခုံးအတွင်းဖက်မှာ မျက်ခုံးမွှေးယိမ်းတဲ့အတိုင်း လိုက်ပြီး ဖြည့်ပေးပါ။ အဲဒီနောက် အဖြူရောင်အချောင်း (သို့) Eyeshadow အဖြူရောင်နဲ့ မျက်ခုံးအပေါ်နဲ့ အောက်ကို ထပ်ပြီး ဖြည့်လိုက်ပါ။

၂။ နောက်ထပ် နည်းလမ်းတစ်ခုကတော့ မျက်ခုံး အောက်ဖက်မှာ သိပ်မရှိတဲ့သူတွေအတွက်ပါ။ ကိုယ့်မျက်ခုံးမွှေးက ထိပ်ပိုင်းမှာပဲရှိပြီး အောက်ဖက်မှာ သိပ်မရှိဘူးဆိုရင်လည်း သင့်ဘာသာသင် ပုံဖော်ပြီးဆွဲလို့ရပါတယ်။

လိုနေတဲ့နေရာမှာ မျက်ခုံးဆွဲတံနဲ့ လိုက်ဖြည့်ပြီး ဆွဲပေးရမှာပါ။ တစ်ခါနဲ့ အဆင်မပြေရင် ထပ်ခါထပ်ခါ ကျင့်ပေးပါ။နောက်ပိုင်း ဆွဲရင်းဆွဲရင်းနဲ့ အဆင်ပြေသွားပါလိမ့်မယ်။