တောင်ကိုရီးယား အမျိုးသမီးလေးတွေကို လက်တွေ့မှာ မျက်မြင်ကိုယ်တွေ့ မြင်ဖူးကြသူတွေဆိုရင် သူတို့ရဲ့အသားအရေတွေက အနောက်တိုင်းအမျိုးသမီးတွေထက် တော်တော်လေးကောင်းမွန်ပြီး နုပျိုငယ်ရွယ်ကြတာကို သတိထားမိကြမှာပါ။ အခုလိုမျိုး ငယ်ရွယ်နုပျိိုနေရတဲ့ လျှို့ဝှက်ချက်ကို မေးမယ်ဆိုရင်တော့ နေ့စဥ်နေ့တိုင်း မပျက်မကွက် Skincare ပြုလုပ်ပြီး အသားအရေကို ထိန်းသိမ်းလို့ပါပဲ။

Skin Care နည်းစနစ်တွေ အများကြီး ရှိကြတဲ့အထဲကမှ အများစုလိုက်နာအသုံးပြုနေကြတဲ့ Skin Care (၁၀) ချက်ကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။

၁။ Oil cleansing

ပထမအဆင့်ကတော့ cleansing ပဲဖြစ်ပါတယ်။ ဒီအဆင့်ကိုတော့ cotton pad ဖြစ်စေ၊ လက်ဖြစ်စေ ဒါမှမဟုတ် Amorphophallus konjac လို့ အမည်ရတဲ့ အပင်ကနေပြီး အထူးထုတ်လုပ်ထားတဲ့ sponge တို့ကို သုံးပြီးပြုလုပ်နိုင်ပါတယ်။ မိတ်ကပ်ဖျက်ဆေးအရည်ကို အသုံးမပြုခင်မှာ အဆီကိုသုံးပြီး အရင်မိတ်ကပ်ဖျက်ပေးလိုက်ပါ။

၂။ Water-based cleansing

အရှေ့မှာ အဆီကိုသုံးပြီး မိတ်ကပ်တွေဖျက်ထားပြီးနောက် ကျန်ရစ်နေသေးတဲ့ အဆီတွေ၊ ချွေးတွေ၊ ဖုန်မှုန့်တွေကို ဖယ်ရှားဖို့အတွက် Water-based Cleaser နဲ့ ထပ်ပြီးသန့်စင်ပေးဖို့ လိုအပ်ပါတယ်။

၃။ Peeling လုပ်ခြင်းနဲ့ ဆားဝက်ခြံဖယ်ရှားခြင်း

ဒီအဆင့်ကလည်း ပြီးပြည့်စုံတဲ့ အသားအရေကို ပိုင်ဆိုင်ရရှိဖို့အတွက် အရေးကြီးဆုံးအဆင့်တွေထဲမှာ တစ်ခုအနေနဲ့ ပါဝင်နေပါတယ်။ ဘာလို့လဲဆိုတော့ ဆဲလ်သေတွေကို အရင်ဖယ်ရှားပစ်လိုက်မှသာ Skincare အလှကုန်ပစ္စည်းတွေက အသားအရေထဲကို ပိုပြီးထိထိရောက်ရောက် စိမ့်ဝင်နိုင်မှာဖြစ်ပါတယ်။ အသားအရေကို Peeling လုပ်တာက ပြင်းတဲ့အတွက်မို့ တစ်နေ့ကို (၂) ကြိမ်လောက် မလုပ်ဖို့ အထူးသတိပေးချင်ပါတယ်။

၄။ တိုနာ

အထက်မှာပြောခဲ့တဲ့ အသားအရေသန့်စင်ခြင်း၊ Peeling လုပ်ခြင်း စတာတွေပြီးနောက်မှာ အသားအရေက နုနယ်သွားပြီးတော့ အစိုဓာတ်ကို ပိုပြီးလိုအပ်နေပါပြီ။ အသားအရေက ဖော့တုံးလိုဖြစ်သွားပြီး ဘာတင်တင် စုပ်ယူအားကောင်းနေပြီမို့ အစိုဓာတ်ပိုဖြည့်တင်းနိုင်လေ ကောင်းလေပါပဲ။ ဒါကြောင့် တိုနာကို မမေ့မလျော့ သုံးပေးရပါမယ်။

၅။ Essence နဲ့ serums

ဒါကတော့ Skincare အဆင့်တွေထဲမှာ အရေးကြီးဆုံး အဆင့်နှစ်ခုဖြစ်ပါတယ်။ အသားအရေကို သန့်စင်ပြီးပြီဆိုတော့ ပြန်ပြီးထိန်းသိမ်းရပါတော့မယ်။ ကိုယ့်အသားအရေနဲ့ ပတ်သက်ပြီး ဖြူချင်တာလား၊ အရေးအကြောင်းသက်သာချင်တာလား စသဖြင့် ကိုယ်လိုချင်တာပေါ်မူတည်ပြီး သင့်တော်တဲ့အလှကုန်ပစ္စည်းကို ရွေးချယ်သင့်ပါတယ်။ Essence ကို အသုံးပြုတဲ့အခါမှာလည်း ပွတ်လိမ်းတာမျိုးမဟုတ်ဘဲ ပုတ်ပုတ်ပြီး လိမ်းပေးပါ။

၆။ Emulsion

Essence နဲ့ serums တို့ကို ပိုပြီးထိရောက်စေဖို့ အနောက်ကနေ Emulsion တွဲပြီး သုံးပေးရင်တော့ ပိုကောင်းပါတယ်။ Emulsion အနေအထားကလည်း ပျစ်နှစ်တာမျိုးမဟုတ်ဘဲ ကျဲကျဲလေးပဲ ဖြစ်သင့်ပါတယ်။

၇။ Masks

Masks တွေလည်း ဈေးကွက်ထဲမှာ အမျိုးမျိုးရှိပါတယ်။ သူတို့ကို သုံးမယ်ဆိုရင်လည်း ကိုယ်လိုချင်တဲ့ Goal ပေါ်မူတည်ပြီးတော့ ရွေးချယ်အသုံးပြုနိုင်ပါတယ်။ ဥပမာ သင်က အသားအရေကို အစိုဓာတ်ဖြည့်ချင်တယ်ဆိုရင် snail extract ပါတာမျိုး သုံးသလို အသားအရေကို ဝင်းလက်တောက်ပချင်တယ်ဆိုရင် ဗီတာမင်စီပါတာကို သုံးနိုင်ပါတယ်။

၈။ Eye cream

ကိုရီးယား အမျိုးသမီးလေးတွေဟာ သူတို့ရဲ့အသားအရေကို ဂရုစိုက်တဲ့အခါမှာ မျက်လုံးတဝိုက်က အသားအရေကိုလည်း ဂရုစိုက်ပေးကြပါတယ်။ Eye cream ကို အသုံးပြုမယ်ဆိုရင် လက်ချောင်းထိပ်လေးကို သုံးပြီးလိမ်းပေးရမှာဖြစ်ပြီး အရမ်းဖိမလိမ်းပေးပါနဲ့။

၉။ Face cream

ဒါကတော့ အသားအရေကို အစိုဓာတ်ဖြည့်တင်းတဲ့ အဆင့်တွေမှာမှ နောက်ဆုံးအဆင့်ဖြစ်ပါတယ်။ ကြက်ဥအနှစ်နဲ့ရှိသလို ခရုအချွဲကိုသုံးထားတာလည်း ရှိပြီး ငှက်သိုက်နဲ့လုပ်ထားတာတွေတောင် ဈေးကွက်ထဲမှာ ရွေးချယ်စရာ အမျိုးအစားအများကြီးရှိပါတယ်။

၁၀။ Sun protection

နေရောင်ခြည်က အသားအရေကို မြန်မြန်ဆန်ဆန် အိုမင်းရင့်ရော်စေပါတယ်။ ဒါကြောင့် ကိုရီးယားမလေးတွေဟာ သူတို့ရဲ့အသားအရေကို တတ်နိုင်သမျှ နုပျိုနေစေဖို့ နေလောင်ခံခရင်မ်ကို မဖြစ်မနေ တစ်နေ့တစ်ကြိမ်တော့ သုံးပေးပါတယ်။