လက်သည်းရှည်ထားတဲ့သူပဲဖြစ်ဖြစ်၊ လက်သည်းရှည်မထားတဲ့သူပဲဖြစ်ဖြစ် ကိုယ့်လက်သည်းကို ဂရုစိုက်သင့်ပါတယ်။ လက်သည်းတွေဖြူပြီး Healthy ဖြစ်နေဖို့ကလည်း လိုပါသေးတယ်။

ဒါကြောင့် ဆိုင်မှာ တကူးတကသွားပြီးလုပ်စရာမလိုအောင် လက်သည်းကို အိမ်မှာပဲ ကိုယ်တိုင် Nail Care လုပ်ပုံအဆင့်ဆင့်ကို ပြောပြပေးလိုက်တယ်နော်။

လက်သည်းကို ကိုယ်လိုချင်တဲ့ပုံအတိုင်း တံစဉ်းနဲ့ပုံသွင်းပါ။

ပုံသွင်းပြီးတာနဲ့ ရေနွေးစိမ်ပေးပါ။ ၅ မိနစ်စိမ်ပေးရင် ရပါပြီ။

Nail Coat ကို လက်သည်းမှာဆိုးပြီး ၃ မိနစ်ထားပါ။

Pusher & Remover လို့ခေါ်တဲ့ကိရိယာနဲ့ လက်သည်းကို ခြစ်ပေးပါ။ ဒါမှလက်သည်းက အဖတ်လှန်တာမျိုးတွေမရှိပဲ ချောမွေ့သွားမှာပါ။

အားလုံးပြီးရင်တော့ တစ်ရှူးနဲ့ လက်သည်းကိုသုတ်လိုက်ပါ။

Tweezerman Stainless လို့ခေါ်တဲ့ လက်ဆွယ်ငုတ်တာဖယ်တဲ့ ဇာဂနာတစ်မျိုးနဲ့ လက်ဆွယ်ငုတ်တာတွေကိုဖယ်ပေးပါ။ ဒါကိုသပ်သပ်မဝယ်ချင်ရင်လည်း လက်သည်းညှပ်အချွန်နဲ့ပဲ လုပ်လို့ရပါတယ်။

လက်သည်းအားဖြည့်ဆီကိုသုံးပေးပါ။ ဒါက လက်သည်းကို Moisture ပေးနိုင်တဲ့အပြင် လက်သည်းကိုလည်း Healthy ဖြစ်စေတယ်။ မပျက်စီးစေဘူးပေါ့။ လက်သည်းနေရာလေးမှာ တစ်စက်ချပြီး လက်နဲ့ပွတ်ပေးလိုက်ရုံပါပဲ။ ဒါဆိုရင်တော့ Nail Care လုပ်တာပြီးပါပြီ။

သင့်အနေနဲ့ လက်သည်းကို Care လုပ်ပြီးလည်း လက်လေးကြည်ပြီး ချောမွေ့သွားတာမျိးလိုချင်တယ်ဆိုရင်တော့ Body အတွက်ထုတ်ထားတဲ့ Exfoliating Cleansing Oil ကိုသုံးပေးလို့ရပါတယ်။ လက်ပေါ်ကို နည်းနည်းတင်ပြီး ပွတ်ပေးလိုက်ရုံပါပဲ။ ပြီးရင်တော့ ရေဆေးချလိုက်ပါ။