ယနေ့ခေတ်မှာ နေ့စဉ်နဲ့အမျှ လှုပ်ရှားသွားလာနေရအခါ မျက်နှာမှာဖုန်နဲ့အညစ်အကြေးတွေ ကပ်ငြိတွယ်လာပြီး ဝက်ခြံ တင်းတိတ် အမဲစက်တွေဖြစ်လာနိုင်သလို ဆေးလိပ်အရက်သုံးစွဲမှုကြောင့်လည်း အသားအရေပျက်စီးမှုတွေ ရှိလာနိုင်ပါတယ်။

ကြည့်ကောင်းတဲ့လူတစ်ယောက်ဖြစ်ဖို့ အရေးကြီးဆုံးအချက်တွေထဲမှာ မျက်နှာအသားအရေနဲ့ ပတ်သတ်ပြီးထိန်းသိမ်းမှုတွေလည်း ပါဝင်နေတာကြောင့် နေ့စဉ်ပြုလုပ်ပေးသင့်တဲ့ လွယ်ကူရိုးရှင်းတဲ့ အသားအရေးထိန်းသိမ်းနည်း အဆင့်လေးတွေကို ပြောပြပေးချင်ပါတယ်။

(၁) မှန်ကန်တဲ့နည်းလမ်းဖြင့် မျက်နှာသစ်ပါ

မျက်နှာသစ်တဲ့အခါ ကြုံရာဆပ်ပြာနဲ့ သစ်တာထက် ကိုယ့်ရဲ့ မျက်နှာအသားအရေနဲ့ ကိုက်ညီမှုရှိတဲ့ မျက်နှာသစ်ဆေးကို ရွေးချယ်အသုံးပြုသင့်ပါတယ်။ မျက်နှာသစ်တဲ့အခါမှာလည်း ဆပ်ပြာကို လက်ဖဝါးထဲအရင်ထည့်ပြီး အမြုပ်ထလာတဲ့အထိ လက်နှစ်ဖက်နဲ့ သေချာ ပွတ်ပေးရပါမယ်။

ပြီးသာမှ မျက်နှာအနှံ့ ငြင်သာစွာ ပွတ်လိမ်းပြီး မျက်နှာသစ်ပေးရမှာဖြစ်ပါတယ်။ အနည်းဆုံး မနက်တစ်ကြိမ် ညအိပ်ယာဝင်ခါနီးတစ်ကြိမ် ပုံမှန်မျက်နှာသစ်ပေးဖို့လိုပါတယ်။

(၂) အစိုဓာတ်ထိန်းပါ

အသားအရေကြည်လင်လှပဖို့ အရေးကြီးက ခန္ဓာကိုယ်မှာ ရေဓာတ်ပြည့်ဝနေဖို့ပါပဲ။ ဒါကြောင့် တစ်နေ့ကို အနည်းဆုံး ရေ ၆ ခွက်ကနေ ၁၀ ခွက်အထိ သောက်သုံးပေးဖို့လိုအပ်ပါတယ်။

ဒါ့အပြင်မျက်နှာအသားအရေ အစိုဓာတ်ပြည့်ဝနေစေဖို့ ရှားစောင်းလက်ပတ်ခရမ်င်လို ရေဓာတ်များစွာပါဝင်တဲ့ အစိုဓာတ်ထိန်းခရမ်င်တစ်ခုခု လိမ်းပေးသင့်ပါတယ်။ မျက်နှာအသားအရေမှာ အစိုဓာတ်ကြာရှည်စွာ ထိန်းသိမ်းထားခြင်းဖြင့် ကြည်လင်နုပျိုတဲ့ အသွင်ကို ဆောင်စေမှာဖြစ်ပါတယ်။

(၃) ချေးချွတ်သန့်စင်ပေးပါ

မျက်နှာအသားအရေရဲ့ အတွင်းပိုင်းအထိ ဖုန်နဲ့အညစ်ကြေးတွေက ဝင်ရောက်နိုင်တာကြောင့် နေ့စဉ်မျက်နှာသစ်ပေးရုံနဲ့ မလုံလောက်ပါဘူး။ မျက်နှာအသားအရေမှာရှိတက်တဲ့ ဖုန်အညစ်အကြေးတွေ ဆဲလ်သေတွေ ဖယ်ရှားဖို့ဆိုရင် အနည်းဆုံး တစ်ပတ်တစ်ကြိမ်လောက် ချေးချွတ်သန်ံ့စင်ပေးဖို့ လိုအပ်ပါတယ်။

အကောင်းဆုံးကတော့ သဘာဝပစ္စည်းတွေနဲ့ ပြုလုပ်ထားတဲ့ Scrub တွေမျက်နှာချေးချွတ်ဖို့ အသင့်တော်ဆုံးပါ။ သို့သော်လည်း တစ်ပတ်တစ်ကြိမ်ထက်တော့ပိုပြီး မပြုလုပ်သင့်ပါဘူး။

(၄) နေလောင်ကာခရင်မ်လိမ်းပါ

ခရမ်းလွန်ရောင်ခြည်ဟာ မျက်နှာအသားအရေကို အဓိကပျက်စီးစေတဲ့ အကြောင်းအရင်းတစ်ရပ်ဖြစ်တာကြောင့် အပြင်ထွက်ခါနီးတိုင်း နေလောင်ကာခရင်မ်လိမ်းပေးဖို့မဖြစ်မနေလိုအပ်ပါတယ်။

ခရမ်းလွန်ရောင်ခြည်ကို ကာကွယ်ပေးနိုင်တဲ့ SPF တဲ့ နေလောင်ကာခရင်မ်တွေက မျက်နှာပေါ်မှာ နေလောင်ဒဏ်ကြောင့်ဖြစ်တက်တဲ့ ဝက်ခြံတင်းတိတ်နဲ့ အမဲစက်တွေဖြစ်မလာဖို့ တာဆီးပေးမှာဖြစ်ပြီး ဖုန်နဲ့ လေထုရဲ့ဒဏ်တွေကိုလည်း ကာကွယ်ပေးပါလိမ့်မယ်။

ဒါကြောင့် အပြင်ထွက်ခါနီးတိုင်း နေလောင်ကာခရင်မ်လိမ်းဖို့ မပျင်းဖို့ အကြံပြုချင်ပါတယ်။