Staycation ဆိုတာကတော့ အခုနောက်ပိုင်း လူငယ်တွေကြား ခဏတဖြုတ် စိတ်ထွက်ပေါက် အနေနဲ့ သွားလေ့ရှိကြတဲ့ အလေ့အထ တစ်ခုပါ။ သင်က ခရီးထွက်ဖို့ အဆင်မပြေတာဖြစ်ဖြစ်၊ Budget မတတ်နိုင်တာဖြစ်ဖြစ် Staycation နည်းလမ်းကို ရွေးချယ်နိုင်ပါတယ်။ ဒီတစ်ခေါက်မှာတော့ သူငယ်ချင်းတွေနဲ့ Staycation သွားဖို့ Plan ထားတဲ့သူတွေအတွက် ဓာတ်ပုံ အမှတ်တရ သိမ်းဆည်းထားနိုင်ဖို့ ဒါမှမဟုတ် Social Media ပေါ်မှာ တင်နိုင်ဖို့ ပို့စ်ပေးနည်း လှလှလေးတွေကို ဖော်ပြလိုက်ပါတယ်။

ကမ်းခြေနား ဒါမှမဟုတ် ကန်ရှိတဲ့ နေရာမှာ ဒီလို ပုံစံလေး ရိုက်နိုင်ပါတယ်။

ကောင်းကင်ကြီးက တိမ်ကင်းစင်ပြီး ပြာနေမယ်ဆိုရင် သင်နဲ့ သင့်သူငယ်ချင်း နှစ်ယောက်က ကင်မရာကို နောက်ခိုင်းထားကာ ဒါမျိုးလေး ပို့စ်ပေးနိုင်ပါတယ်။

သင်တို့ Staycation လုပ်တဲ့ ဟိုတယ်မှာ ပန်းခင်းလှလှလေးတွေ ရှိရင် ဒါမျိုးလေး ပို့စ်ပေးနိုင်ပါတယ်။

စတိုင်ကျကျ လှချင်တဲ့ သူငယ်ချင်း ကောင်မလေးတွေအတွက်တော့ ဒီပုံစံလေးကို ရိုက်ကြည့်သင့်ပါတယ်။ သုံးယောက်အတူတူ အင်္ကျီပုံစံ ဆင်တာလေး ဝတ်ပြီး ဒါမျိုးလေး ရိုက်နိုင်ပါတယ်။

သူငယ်ချင်းတွေ ဝိုင်းပြီး မုန့်စားကြတဲ့အချိန် တစ်ယောက်ယောက်ကို အပေါ်စည်းကနေ ဓာတ်ပုံရိုက်ခိုင်းနိုင်ပါတယ်။

စားသောက်ဆိုင်မှာ ခဏတဖြုတ်ထိုင်ရင်း ပို့စ်လှလှလေးလည်း ပေးရင်း

သင်တို့ သူငယ်ချင်းတွေက နောက်ခံလှလှလေးနဲ့ ထိုင်ခုံတွေကို တွေ့ထားမယ်ဆိုရင် ဒီလို စကားပြောနေတဲ့ပုံစံ ရိုက်နိုင်ပါတယ်။

အစိမ်းရောင်တွေ များတဲ့ သစ်ပင်တွေကြား ရောက်နေရင် ဒါမျိုးလေး အဝေးကနေ ရိုက်နိုင်ပါတယ်။

သူငယ်ချင်းတွေ ဖုန်းအပြိုင်အဆိုင် အိပ်ယာပေါ်မှာ ကြည့်နေကြတဲ့ ပုံရိပ်ကို တစ်ယောက်ယောက်ကို ရိုက်ခိုင်းမယ်။

သင်တို့ Staycation မယ့် ဟိုတယ်မှာ မှန်လှလှလေး ရှိရင် ဒါမျိုး Miroor Selfie ဆွဲနိုင်ပါတယ်။

Swimming Pool ရှေ့မှာ ဓာတ်ပုံရိုက်ချင်တဲ့ သူငယ်ချင်းတွေအတွက်

သူငယ်ချင်း သုံးယောက်အတူတူ အိပ်နေတာကို ဒါမျိုးလေး ဓာတ်ပုံရိုက်နိုင်ပါတယ်။

သင်က Staycation သွားဖို့ စဉ်းစားထားတယ်ဆိုရင်တော့ သင့်သူငယ်ချင်းတွေကိုလည်း ဒါကို မြင်ဖို့ Mention ခေါ်ဖို့ မမေ့သင့်ပါဘူးနော်။

Photo source: Pinterest

By MyStyle Myanmar