အပြင်တွေလည်းမသွားရဘူး၊ အိမ်မှာနေရတာလည်း တဖြည်းဖြည်းနဲ့ပျင်းလာပြီ။ တစ်နေ့တစ်နေ့ အိပ်လိုက်စားလိုက်နဲ့အချိန်တွေက ကုန်မြန်တယ်။ တစ်နေ့တာ ပြီးလို့ပြီးသွားမှန်းမသိဘူးဆိုရင် အခုပြောပြတဲ့အချက်လေးတွေကစလုပ်ကြည့်ပါနော်။ အချိန်ကိုအကျိုးရှိရှိနဲ့ အသုံးပြုရာလည်းရောက်သလို အိမ်မှာနေရင်း မပျင်းရတော့ဘူးပေါ့။

Recycle ပစ္စည်းလေးတွေဖန်တီးပါ

ကိုယ့်အိမ်မှာ အသုံးမဝင်တော့ဘူးဆိုပြီးထား ထားတဲ့ပစ္စည်းတွေကို ဒုတိယအကြိမ် ဘယ်လိုဖန်တီးပြီး ပြန်သုံးလို့ရသေးလဲဆိုတာကို ပြန်လုပ်ခြင်း လုပ်နေတဲ့အချိန်အတွင်းလည်း ရင်ခုန်စရာကောင်းသလို ကိုယ်ဖန်တီးလိုက်တဲ့အရာလေး အောင်မြင်သွားရင်လည်း ပီတိဖြစ်ရပါတယ်နော်။

Online Class တက်ပါ

အခုအချိန်က တစ်စုံတစ်ခုကိုလေ့လာဖို့ အကောင်းဆုံးအချိန်လည်းဖြစ်သလို သင်ယူဖို့လည်း အကောင်းဆုံးဖြစ်ပါတယ်။ ကိုယ့်တကယ်သင်ကြားချင်တဲ့ဘာသာရပ်တွေကို Online Class တွေစုံစမ်းပြီးတက်ခြင်းက အချိန်တွေကုန်လို့ကုန်နေမှန်းမသိပဲနဲ့ ကိုယ့်အတွက်လည်းအကျိုးရှိနေမှာအမှန်ပါနော်။

မုန့်ဖုတ်စားပါ

မုန့်ဖုတ်စားရတာက ပျော်စရာလည်း ကောင်းသလို ဗိုက်လည်းဝတဲ့အရာလေးတစ်ခုပါ။ မိသားစုနဲ့အတူတူ အခုလိုအချိန်မျိုးမှာ ကိုယ့်ကြိုက်တဲ့မုန့်တွေ ကိုယ်တိုင်လုပ်စားရတာကလည်း ခံစားမှုကောင်းလေးတွေကို ရစေနိုင်မှာပါနော်။
Photo Source -Beech.com