ယောဂလေ့ကျင့်ခန်းတွေလုပ်ကြည့်ဖို့ စဉ်းစားနေသူတွေအတွက် ပေါ့ပေါ့ပါးပါးစလုပ်လို့ရမယ့် အခြေခံ ယောဂပိုစ့်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်။ ယောဂကျင့်ပေးတာက စိတ်ငြိမ်ပြီး သွေးလည်ပတ်မှု ကောင်းစေသလို အချို့ယောဂလေ့ကျင့်ခန်းတွေဆိုရင် ဝိတ်ပါကျစေတာမို့ ကျန်းမာရေးအကျိုးကျေးဇူးများတဲ့ အလေ့အကျင့်လို့ ပြောလို့ရပါတယ်။ ဒါ့အပြင် ခုန်ပေါက်ရတဲ့လေ့ကျင့်ခန်းတွေနဲ့မတူလို့ အသက်အရွယ်မရွေးလုပ်လို့လည်း အဆင်ပြေမှာပါ။ ယောဂ Pose မျိုးစုံရှိပေမယ့် သင်က အခုမှစလုပ်မယ့်သူတွေဆိုရင်တော့ လွယ်လွယ်ကူကူနဲ့ ထိရောက်အောင် ဖော်ပြထားတဲ့ ယောဂ Pose (၅) မျိုးကို Try ကြည့်နိုင်ပါတယ်။ စိတ်ဝင်စားရင် ကြည့်လိုက်ရအောင်နော်-
Easy Pose

တရားထိုင်တာနဲ့ ယောဂအတွက်သုံးတဲ့အလွယ်ဆုံး Pose တစ်ခုပါ။ ပုံထဲကလို တရားထိုင်တဲ့ပုံစံ ခါးမတ်ကာ တင်ပလင်ခွေပြီး လက်နှစ်ဖက်ကို ဒူးခေါင်းထိပ်တွေပေါ် တင်ထားပါ။ စိတ်ကိုလျှော့ထားပြီး အာရုံစိုက်နိုင်အောင် လေ့ကျင့်ပေးရမှာဖြစ်ပါတယ်။
Standing Forward Bend
တင်းနေတဲ့ အကြောတွေပြေလျော့ပြီး အဆီကျကာ သွေးလည်ပတ်မှုကောင်းစေမယ့် Stretch ယောဂ Pose တစ်မျိုးဖြစ်ပါတယ်။ လုပ်ရမယ့်ပုံစံက ပုံထဲကလို ခန္ဓာကိုယ်အပေါ်ပိုင်း ရသလောက်ကုန်းကာ လက်နှစ်ဖက်ကို ကြမ်းပြင်နဲ့ ရအောင် လှမ်းထိပေးရမှာပါ။ ဒီပုံအတိုင်း ၁၀ စက္ကန့်လောက်တောင့်ထားပြီး နောက်ထပ် ၁၅ ကြော့လောက်လုပ်ပေးရင်ပိုကောင်းပါတယ်။
Thunderbolt Pose
Photo Source: vinyasayogaacademy.com
နောက်ထပ်လွယ်လွယ်ကူကူလုပ်နိုင်တဲ့ယောဂ Pose ဖြစ်ပါတယ်။ ရင်ဘက်ဖွင့်ထားပြီး ခါးမတ်ကာ ခြေထောက်တွေကို ပုံထဲကလို ကွေးပြီးထိုင်ပေးရမှာပါ။ ပေါင်အောက်မှာ ခြေသလုံးကြွက်သားတွေကို ဖိထားပေးရပါမယ်။ လက်တွေကိုဒူးပေါ်တင်ထားပြီး ဒီပုံအတိုင်း မိနစ်အနည်းငယ်လောက်နေပေးပါ။
Boat Pose

ဗိုက်ချပ်စေတဲ့ ယောဂ Pose လေးဖြစ်ပါတယ်။ ခြေထောက်နှစ်ဖက်စုမြှောက်ပြီး လက်တွေကိုပါ ရှေ့ဆန့်ထုတ်ထားရမှာပါ။ ခံနိုင်ရည်ရှိသလောက် ခြေထောက်ကိုမြင့်မြင့်လေးမြှောက်ပြီး စက္ကန့်အနည်းငယ်လောက် ထိန်းထားပေးပါ။
Tree Pose
လုပ်ရအရမ်းမခက်ဘဲ ခန္ဓာကိုယ်ဟန်ချက်ထိန်းနိုင်အောင် ကူညီပေးမယ့် Pose ဖြစ်ပါတယ်။ လက်အုပ်ချီသလို လက်နှစ်ဖက်စုကာ ခြေထောက်တစ်ဖက်နဲ့ထောက်ပြီး နောက်တစ်ဖက်ကို ကွေးထားပါ။ ဟန်ချက်ထိန်းထားပြီး ခြေထောက်ဘက်ပြောင်းကာ တစ်မိနစ်စီအလှည့်ကျကွေးပြီး လုပ်ပေးသင့်ပါတယ်။ စိတ်ကိုပါလန်းဆန်းစေတာမို့ မနက်ပိုင်းတွေလုပ်လို့ကောင်းမယ့် Yoga Pose လေးပါ။
Photo Source: Pinterest
By MyStyle Myanmar

