သင်က တစ်ကိုယ်လုံးစာ ဓာတ်ပုံရိုက်ခါနီး ပို့စ်ပေးတဲ့အခါ ဘယ်လိုမျိုးလေး နေလေ့ရှိလဲ။ ကိုယ်နေဟန်ထားကို တစ်တန်းတည်း ထားလို့မရတာကိုတော့ ဓာတ်ပုံရိုက်ဖြစ်တဲ့ ပျိုမေတို့ အားလုံး သိပြီးဖြစ်မှာပါ။ မတ်တပ်ရပ်ပြီး ဓာတ်ပုံရိုက်တဲ့အခါ ကိုယ့်ခြေထောက်ကို ပိုရှည်တယ် ထင်ရအောင် ဘယ်လိုထားမလဲ၊ ခန္ဓာကိုယ် ပိုလှတယ်ထင်ရအောင် ဘယ်လိုနေမလဲ၊ မျက်နှာလေး ပိုလှအောင် ဘယ်လိုပုံစံ နေမလဲ၊ လက်ကိုကော ဘယ်လို ထားမလဲ စတဲ့ အချက်တွေက အများကြီး စကားပြောသွားတတ်ပါတယ်။ ဒီတစ်ခေါက်မှာတော့ မတ်တပ်ရပ် ပို့စ်ပေးတဲ့အချိန် ဘယ်လိုနေရမလဲ မသိတဲ့ ပျိုမေတို့အတွက် ပို့စ်ပေးနည်းတွေကို ဖော်ပြလိုက်ပါတယ်။

ခြေထောက် နှစ်ဘက်ကို တစ်တန်းတည်း မထားဘဲ ရှေ့ဘက်ကို ခြေထောက် တစ်ချောင်းပို့ကာ လက်ကလေးကို နဖူးပေါ် တင်ထားမယ်။

ခြေထောက်ကို ရှေ့ဘက်ဆီ လမ်းလျှောက်ခါနီး လွှဲလိုက်တဲ့ပုံစံမျိုးလေးက သဘာဝကျပြီး ကြည့်ကောင်းပါတယ်။

သင်က ခြေထောက်ကို စုပြီး ရပ်ချင်တယ်ဆိုရင်တော့ လက်မှာ ကိုင်စရာလေး တစ်ခု ဆောင်ထားပြီး မျက်နှာလေးပါ ပြုံးပေးသင့်ပါတယ်။

ခြေထောက်နှစ်ဘက်ကို ခွာထားကာ တစ်ဘက်ကို မသိမသာလေး ရှေ့ဘက်တိုးပြီး စိတ်ကုန်နေတဲ့ပုံစံ ခေါင်းစောင်းထားတာကလည်း ချစ်ဖို့ကောင်းပါတယ်။

ခြေထောက်တစ်ဘက်ကို ရှေ့ထုတ်ပြီး လက်နှစ်ဘက်ကိုလည်း ခွာထားကာ ကင်မရာဆီ မကြည့်ဘဲ အောက်ငုံ့နေတဲ့ စတိုင်လေးကလည်း အိုင်ဒီယာကောင်းပါပဲ။

ခြေထောက် အကွာအဝေးကို ခွာထားကာ လက်နှစ်ဘက်ကို မြှောက်ပြီး ခေါင်းလေး စောင်းလိုက်တာက ချစ်ဖို့ကောင်းပြီး လူငယ်ဆန်ပါတယ်။

ခြေထောက်ကို မြှောက်ကာ ဒူးပင့်ထားပြီး ဘေးစောင်းတာက မော်ဒယ်ပုံစံ ပေါ်စေပါတယ်။

နောက်ထပ် မော်ဒယ်တစ်ဦးလို ပုံစံ ဖြစ်ချင်ရင်တော့ ခြေထောက်တစ်ဘက်ကို မ ကာ ဒူးကွေးထားသင့်ပါတယ်။ ဒီစတိုင်လေးက ခန္ဓာကိုယ် ပိုသွယ်တယ် ထင်ရစေပါတယ်။

ရှေ့ဘက်ကို ခြေထောက် တစ်ဘက် ပင့်ထားပြီး ဘေးဘက် ကွေးထားကာ ခါးထောက်ထားတာလေးက မတ်တပ်ရပ် ပို့စ်ပေးတဲ့အချိန် လှပါတယ်။

နောက်ဘက်မှီမယ်ဆိုရင်တော့ ခြေထောက်တွေကို မြေပြင်နဲ့ မကပ်ထားဘဲ တစ်ဘက်ကို အပေါ်မြှောက်ထားသင့်ပါတယ်။

ခန္ဓာကိုယ်ကို ဘေးဘက်စောင်းထားကာ ခြေထောက်နှစ်ဘက်ကို ရှေ့နောက်ထားကာ တခြားဘက် ကြည့်နေတာကလည်း အိုင်ဒီယာကောင်းပါ။

Cute ပုံစံလေး ပို့စ်ပေးမယ်ဆိုရင်တော့ ဒီပုံစံလေးက လှပါတယ်။

Photo Source: Pinterest

By MyStyle Myanmar