သင်က လက်သည်းနီဆိုးရတာကြိုက်တဲ့သူဆိုရင်တော့ ဒီဆောင်းပါးက သင့်အတွက်ပါပဲနော်။ ဒီတစ်ခေါက်မှာ လက်သည်းနီအရောင်မထပ်ရအောင် အခုလို နွေရာသီနဲ့လည်း သင့်တော်ပြီး လူကြိုက်များတဲ့ ကာလာလေးတွေကို ပြောပြပေးလိုက်ပါတယ်။ နုနုလေးနဲ့ ထင်းတဲ့အရောင်တွေဖြစ်တာမို့ လန်းဆန်းတက်ကြွတဲ့ Vibe မျိုးရစေမယ့်အပြင် အသက်အရွယ်မရွေးလည်း လိုက်ဖက်စေမှာပါ။
Peri Purple

မိန်းကလေးတွေကြား Trend ဖြစ်နေဆဲ ကာလာလေးဖြစ်ပြီး Outfit အနေနဲ့ရော လက်သည်းနီအနေနဲ့ပါ အရမ်းလှတဲ့ အရောင်ဆန်းလေးဖြစ်ပါတယ်။
Viva Magenta

အသည်းကွဲရောင်လို့သိကြတဲ့ ဒီအရောင်လေးကလည်း ကြည့်လိုက်တာနဲ့ ထင်းနေမယ့်ကာလာလေးဖြစ်လို့ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုပိုတိုးစေမှာပါ။
Poppy Red

အနီရောင် Shade တွေထဲမှာမှ အရမ်းလည်းမလင်း၊ အရမ်းလည်း မရင့်တဲ့ ခပ်ငြိမ်ငြိမ်လေးဆိုးချင်ရင် ဒီအရောင်လေးကို ရွေးသင့်ပါတယ်။
Peachy Coral

လိမ္မော်ဘက်သွားတဲ့ကာလာတွေက နွေရာသီနဲ့အရမ်းလိုက်ပါတယ်နော်။ ဒီလိုမျိုး Coral ကာလာလေးဆိုးကြည့်ပါ။ တစ်မျိုးလေးဆန်းတာမို့ အများနဲ့ကွဲထွက်ပြီး လှနေမှာပါ။
Baby Pink

ပန်းရောင်နုလေးကလည်း Outfit အရောင်တိုင်းနဲ့လိုက်ဖက်ပြီး ချစ်စရာကောင်းတဲ့ Soft Look လေးရစေမှာပါ။
Nearly Nude

အသားရောင်ကိုမှ ပန်းရောင်ဖောက်ထားတဲ့ကာလာလေးက အရောင်ငြိမ်သလို သဘာဝဆန်ဆန်လေးလှနေစေမှာပါ။ အရောင်အရင့်မကြိုက်တဲ့သူတွေအတွက် ဒီကာလာလေးက အရမ်းမရိုးဘဲ အဆင်ပြေပါတယ်။
Milky Tan

Milktea အရောင်လေးလို အညိုကိုမှနို့နှစ်ရောင်လေးရောတဲ့ကာလာလည်း အသားအရောင်မရွေးလိုက်ဖက်ပါတယ်။
Soothing Greens

အစိမ်းရောင်ဆိုးမယ်ဆိုရင် ရိုးရိုးထက် ဒီလိုစိမ်းပြာရောင်လေးဆိုးကြည့်ပါနော်။ နွေရာသီကမ်းခြေခရီးသွားရင်း ဆိုးဖို့အတွက် ကွက်တိပါပဲ။
Calming Blues

ဒီလိုအပြာနုလေးကလည်း ပူအိပ်တဲ့ရာသီမှာ စိတ်ကြည်လင်စေမယ့်ကာလာလေးပါ။
Sunny Yellow

အဝါရောင်က နွေရာသီ Vibe ရတာမို့ သင်က လက်သည်းနီအရောင်လင်းတာကိုမှ ဆိုးတတ်တဲ့သူဆိုရင် အဝါလေးဆိုးကြည့်တာ မမှားပါဘူး။
Photo Source: Pinterest
By MyStyle Myanmar