ကျွန်မတို့ ကြုံရလေ့ရှိတဲ့ ရာသီဥတုက အချိန်အများစုမှာ ပူလွန်းနေတာ ဒါမှမဟုတ် မပူမအေး ရာသီဥတု ဖြစ်နေတတ်ပါတယ်။ အခုဖော်ပြထားတဲ့ ဖက်ရှင်ပစ္စည်းတွေကတော့ သင့်ကို စတိုင်ကျစေမယ့်အပြင် ဒီလို ရာသီနဲ့ လ်ိုက်ဖက်တဲ့ ပစ္စည်းတွေပဲ ဖြစ်ပါတယ်။ ဒါ့အပြင် ဒီဖက်ရှင်ပစ္စည်းတွေကို သင် ပိုင်ဆိုင်ထားမယ် ဆိုရင် အရင်ထက် အထာကျကျ ပိုလှလာပါလိမ့်မယ်။ ဒီတော့ ဘယ်လို ဖက်ရှင် Item တွေကို မပူမအေး ရာသီမှာ ပိုင်ဆိုင်ထားသင့်လဲ ကြည့်လိုက်ရအောင်နော်-

၁။ ဘောင်းဘီရှည်အပွ

ဘောင်းဘီရှည်က သင့်ကို ပေါ့ပေါ့ပါးပါး ရှိစေပြီး ပိုအထာကျစေပါတယ်။ ဘောင်းဘီရှည်ကိုမှ အပွက ရာသီဥတု ပူရင်တောင် အဆင်ပြေပါတယ်။ ဘောင်းဘီရှည်အပွထဲမှာ ရွေးချယ်သင့်တဲ့ အရောင်တွေက- အစိမ်းနု၊ အဖြူ၊ အညို၊ ခဲရောင်၊ အပြာ၊ အနက် စတာတွေပဲ ဖြစ်ပါတယ်။

၂။ ရောင်စုံ Sneaker

Sneaker တွေက လူငယ်ဆန်ဆန် လှချင်သူတွေအတွက် မဖြစ်မနေ လိုအပ်ပါတယ်။ ရောင်စုံ Sneaker မျိုးစုံကို ပိုင်ဆိုင်ထားမယ် ဆိုရင် ဘယ်လိုအင်္ကျီ ဝတ်ဝတ် အရောင် တိုက်ဝတ်နိုင်ပါတယ်။ ရောင်စုံထဲကမှ သင့်ဆီမှာ ရှိထားသင့်တဲ့ အရောင်တွေကတော့- အဝါ အရောင်စပ်၊ အပြာအရောင်စပ်၊ အစိမ်းရောင်အစပ်၊ အပြာရောင် အစပ်၊ ပန်းရောင် အစပ် စတာတွေပဲ ဖြစ်ပါတယ်။

၃။ ကျောပြောင် ခါးတို ဝတ်စုံ

သင်က ခပ်မိုက်မိုက် ဆွဲဆောင်မှု ရှိရှိ ဝတ်ရဲတယ် ဆိုရင် ကျောပြောင် ခါးတိုက အသင့်တော်ဆုံးပါပဲ။ ဒီဝတ်စုံက ပူအိုက်တဲ့ ရာသီနဲ့ သင့်တော်ပြီး အင်္ကျီအသား အများစုက ပေါ့ပေါ့ပါးပါး ဖြစ်တာမို့ မပူမအေး ရာသီနဲ့ပါ သင့်တော်ပါတယ်။

၄။ Tracksuit

အပေါ် အောက် ဆင်တူ Tracksuit တွေက အထာကျကျ လန်းချင်သူတွေနဲ့ အလိုက်ဖက်ဆုံးပါပဲ။ သင်က Tracksuit ကို ဘာအရောင် ရွေးရမလဲ စဉ်းစား ရခက်နေရင် ဒီဖော်ပြပါ အရောင်တွေကို ရွေးနိုင်ပါတယ်။ ရွေးသင့်တဲ့ အရောင်တွေကတော့- အစိမ်း၊ အဖြူ၊ မီးခိုး၊ အဝါ စတာတွေပဲ ဖြစ်ပါတယ်။

Photo source: Pinterest

By MyStyle Myanmar