ဆောင်းကလည်းဝင်လာပြီဆိုတော့ မိတ်ကပ်လှလှလေးတွေ ပြင်ရတာကြိုက်တဲ့ ကောင်မလေးတွေအတွက် ဆောင်းရာသီနဲ့လိုက်ဖက်တဲ့ Spring Makeup Look ပြင်နည်းလေးကို မျှဝေပေးချင်ပါတယ်။ ဆောင်းရာသီမှာ မိတ်ကပ်ကို အထူးကြီးတွေလိမ်းပြီး Heavy Look တွေပြင်တာမျိုးက မလှပါဘူး။ ပန်းရောင်လေးတွေ၊ လိမ္မော်ရောင်လေးတွေ ပြင်တာမျိုးနဲ့မှ တကယ်ကိုလိုက်ဖက်ပြီး ချစ်ဖို့ကောင်းတာပါ။ ဒီမှာတော့ ပန်းရောင်လေးကို အဓိကထားပြီး ပြင်ပြထားတာဖြစ်တဲ့အတွက် မိန်းကလေးတိုင်းနဲ့ လိုက်ဖက်ပြီး ပိုနုပျိုပြီး ချစ်ဖို့ကောင်းသွားမယ့် Makeup Look လေးပါ။

မိတ်ကပ်မလိမ်းခင်မှာ အခြေခံအဆင့်တွေဖြစ်တဲ့ Toner, Moisturizer, Sunscreen, Primer စတာတွေကို လိမ်းပေးဖို့ မမေ့ပါနဲ့။ ဒီထဲမှာတော့ Moisturizer ကို Innisfree Jeju Cherry Blossom Tone up Cream ကို လိမ်းပါတယ်။ သူက အသားကို တစ်ဆင့်ဖြူသွားစေတဲ့အတွက် မိတ်ကပ်အများကြီး လိမ်းနေစရာ မလိုတော့ဘူးပေါ့။ မျက်နှာလိမ်းပြီးရင် လည်ပင်းကိုပါ လိမ်းပေးဖို့ မမေ့ပါနဲ့။

ဒီမှာတော့ Foundation မလိမ်းပဲနဲ့ Cushion ကိုပဲ သုံးထားပါတယ်။ အောက်ကနေ Tone up Cream လိမ်းထားတဲ့အတွက် Cushion ကို တစ်ထပ်ပဲ ပါးပါးလေး လိမ်းပေးပါ။

ဆောင်းတွင်းမှာဆိုရင် အသားအရေက ပိုပြီးမညီမညာဖြစ်စေတဲ့အတွက် Concealer ကို သုံးဖို့ မမေ့ပါနဲ့။ အဓိကကတော့ မျက်ကွင်းညိုတဲ့နေရာကို Concealer ဖုံးပေးပါ။

မျက်ခုံးမွှေးဆွဲတဲ့အခါမှာ ဆောင်းတွင်းဆိုရင် မဲနက်နေအောင်ဆွဲတာထက် အညိုဘက်သွားတဲ့အရောင်နဲ့ မျက်ခုံးမွှေးဆွဲပေးတာက ပိုလှပါတယ်။

Eyeshadow စခြယ်ဖို့အတွက် ပန်းရောင်နုနုလေးကို မျက်ခွံတစ်ခုလုံးမှာ အရင်ခြယ်ပါမယ်။ မျက်လုံးအောက်လေးတွေကိုပါ ခြယ်ပါမယ်။

ရွှေရောင်နုနုလေးဖြစ်တဲ့ Shimmer Eyeshadow ကို မျက်ခွံပေါ်မှာ ထပ်ခြယ်ပေးပါ။

ပန်းရောင်နုနု Shimmer Eyeshadow ကိုတော့ မျက်လုံးအောက်နားလေးကို ခြယ်ပါမယ်။ ပြီးရင်တော့ လက်နဲ့ယူပြီး မျက်ခွံပေါ်ကို ထပ်ခြယ်ပေးပါ။

မိတ်ကပ်ရောင် (သို့) အသားအရောင် Eyeshadow ကာလာ နုနုလေးကိုယူပြီး Eyeliner ဆွဲတဲ့နေရာလေးမှာ ခြယ်ပေးပါ။

Eyeliner ကို မသုံးတဲ့အတွက် အညိုရောင် Eyeshadow ကိုယူပြီး Eyeliner ဆွဲသလို ဆွဲပေးပါ။ မျက်လုံးအောက်ဘက်ကိုပါ Eyeliner ဆွဲသလို ဆွဲပေးပါ။ ဒါမှ မျက်လုံးဝိုင်းဝိုင်းလေးနဲ့ ပိုလှမှာပါ။

ဒါဆိုရင်တော့ Eyeshadow ခြယ်တာပြီးသွားပြီမို့ မျက်တောင်ကော့တဲ့အတံလေးနဲ့ မျက်တောင်ကော့ပြီး Mascara နဲ့ မျက်တောင် ထပ်ကော့ပေးပါ။ အောက်မျက်တောင်လေးတွေကိုပါ Mascara သုံးပေးဖို့ မမေ့ပါနဲ့။

ပါးနီကိုလည်း ပန်းရောင်လေးပဲသုံးပေးပါ။ ဒီမှာတော့ နှုတ်ခမ်းနီကိုပဲ သုံးထားပါတယ်။ ပိုပြီးချစ်စရာကောင်းသွားအောင် နှာခေါင်းကိုလည်း နည်းနည်းခြယ်ပေးပါ။

နှုတ်ခမ်းနီကိုလည်း ပန်းရောင်လေးပဲ ဆိုးပေးပါ။ ဆောင်းတွင်းမှာ နှုတ်ခမ်းနီကို Matte Type တွေ မဆိုးပါနဲ့။

အားလုံးပြီးသွားရင် ပေါင်ဒါထပ်ပုတ်ချင်တယ်ဆိုလည်း ပါးပါးလေးပုပ်ပေးပါ။

နောက်ဆုံးမှာတော့ Highlighter ကို ပန်းရောင်ဘက်သွားတာလေး သုံးပေးပါ။ မရှိရင်လည်း ကိုယ်အဆင်ပြေတာ အဖြူရောင်ပဲဖြစ်ဖြစ် သုံးပေးလို့ရပါတယ်။ Highlighter ကိုတော့ အဓိကနေရာတွေဖြစ်တဲ့ ပါးရိုး၊ မေးစိ၊ နှာခေါင်း စတဲ့နေရာတွေမှာ သုံးပေးပါ။

ဒီလောက်ဆိုရင်တော့ ဆောင်းရာသီနဲ့ လိုက်ဖက်တဲ့ Spring Makeup Look ပြင်နည်းလေး ပြီးသွားပါပြီ။

Source: www.babyjingko