လေ့ကျင့်ခန်းလုပ်ဖို့ ပျင်းတဲ့သူတစ်ယောက်လား။ လူတော်တော်များများက လေ့ကျင့်ခန်းဖို့ကို တော်တော်လေးပျင်းရိတတ်ပြီး အကြောင်းပြချက်တွေများစွာနဲ့ ရှောင်လွဲမိတတ်ကြပါတယ်။ ဒါဟာ ကောင်းတဲ့ အလေ့အထတစ်ခုတော့ မဟုတ်ပါဘူး။
ဒါကြောင့် ဒီနေ့မှာတော့ ပျင်းရိသူတွေအတွက် ကျန်းမာရေးနှင့်မညီညွှတ်တဲ့ အလေ့အထတွေကိုကျော်လွန်ပြီး လှုပ်လှုပ်ရှားရှားလုပ်စရာမလိုပဲ တစ်နေရာတည်းမှာတင်ထိုင်ပြီးပြုလုပ်နိုင်မယ့် အမိုက်စားလေ့ကျင့်ခန်းတွေကို ပြောပြပေးချင်ပါတယ်။
(၁) Leg Circles
ခန္ဓာကိုယ်ကို ကြမ်းပြင်ပေါ်မှာ လှဲလျက်အနေအထား ပုံစံယူပါ။ ထို့နောက်ခြေထောက်နှစ်ဖက်စလုံးကို ၄၅ ဒီဂရီမြှောက်ပြီး စက်ဝိုင်းပုံစံ နာရီလက်တံအတိုင်းလှည့်ပေးပါ။ ခြေထောက်လှည့်တဲ့အခါ ဒူးကွေးမသွားဖို့ကို သတိပြုပေးရပါမယ်။
ခြေထောက်ကို ဘယ်ဘက်ကနေ ညာဘက်သို့တစ်ပတ်ပြည့်အောင်လှည့်ပါ။ ထို့နောက် ညာဖက်ကနေ ဘယ်ဘက်ကိုပြန်ပြီးလှည့်ပေးပါ။ ထိုနည်းအတိုင်း ဘယ်ညာ ၁၅ ခေါက် ၃ ကြိမ်စီ ပြုလုပ်ပေးရပါမယ်။
(၂) Half Bridging
ခန္ဓာကိုယ်ကို ကြမ်းပြင်ပေါ်မှာ လှဲလျက်အနေအထား ပုံစံယူပါ။ ခြေနှစ်ဖက်ကို ခန္ဓာကိုယ်ရဲ့ ဘေးတစ်ဖက်တစ်ချက်စီ ကြမ်းပြင်မှာကပ်ထားပါ။ ထို့နောက်ဒူးနှစ်ဖက်ကို ထောင်လိုက်ပါ။
ပြီးရင်သင့်ရဲ့ တင်ပါးနေရာကနေ ခန္ဓာကိုယ်ကို ဖြေးဖြေးချင်းကွေးပြီး အပေါ်သို့မြှင့်တင်ပေးပါ။ ထို့နောက်ခန္ဓာကိုယ်ကို မူလပုံစံအတိုင်းကြမ်းပြင်ပေါ်ပြန်ချပေးပါ။ ထို့နည်းအတိုင်း ၁၀ ကြိမ် ၃ ကြော့ပြုလုပ်ပေးရပါမယ်။
(၃) X Plank
Plank ထောက်တဲ့လေ့ကျင့်ခန်းကို လူတိုင်းရင်းနှီးပြီးသားဖြစ်မှာပါ။ X Plank လေ့ကျင့်ခန်းကတော့ ပုံမှန် Plank လေ့ကျင့်ခန်းနဲ့ ပုံစံအနည်းနဲ့ ကွာခြားပါတယ်။ အင်္ဂလိပ် အက္ခရာ X ပုံစံအတိုင်း ခြေထောက်နဲ့လက်တွေကို အနေတော်ခြားပြီး ကြမ်းပြင်ပေါ်မှာ ထောက်ထားရပါမယ်။
ထိုပုံစံအတိုင်း ငြိမ်ငြိမ်လေး စက္ကန့် ၃၀ နေပေးပါ။ စက္ကန့် ၃၀ ပြည့်ရင် ၁၀ စက္ကန့်နားပြီး နောက်တစ်ကြိမ်ပြုလုပ်ပါ။ စုစုပေါင်း ၅ ကြော့ပြုလုပ်ပေးရပါမယ်။
(၄) Bicycle Crunches
ခန္ဓာကိုယ်ကို ကြမ်းပြင်ပေါ်မှာ လှဲလျက်အနေအထား ပုံစံယူပါ။ ထို့နောက် လက်နှစ်ဖက်ကို ဦးခေါင်းနောက်တွင်ကပ်ထားပြီး ဦးခေါင်းကိုအနည်းငယ်မြှောက်ထားပါ။
ပြီးရင် ခြေထောက်တစ်ဖက်ကိုဖြောင့်ထားပြီး ကျန်တစ်ဖက်ကို ဒူးဆစ်နေရာမှကွေးကာ ခြေထောက်နဲ့ ဆန့်ကျင့်ဘက် တံတောင်ဆစ်ကိုထိသည်အထိ စက်ဘီးနင်းတဲ့ပုံစံအတိုင်း တစ်ဖက်စီဘယ်ညာပြုလုပ်ပေးရပါမယ်။ ထိုနည်းအတိုင်း အကြိမ် ၃၀ စီ ၃ ကျော့ပြုလုပ်ပေးပါ။