KPOP ကို သဘောကျကြိုက်နှစ်သက်တဲ့ ပရိတ်သတ်တွေအနေနဲ့ Hyuna နဲ့ E’ Dawn တို့ စုံတွဲကို ရင်းနှီးကြမယ်လို့ထင်ပါတယ်။

Hyuna ကိုတော့ 4Minute အဖွဲ့သီချင်းတွေရယ် တစ်ကိုယ်တော်သီချင်းတွေနဲ့ လူသိများလာတာဖြစ်ပြီး E’ Dawn ကိုတော့ Pentagon အဖွဲ့ဝင်ဟောင်းအဖြစ်နဲ့ ပိုသိကြမှာပါ။

သူ့တို့နှစ်ဦးသားဟာ Triple H ဆိုတဲ့အမည်နဲ့ Pentagon အဖွဲ့ခေါင်းဆောင် Hui နဲ့အတူ ၂၀၁၈ ခုနှစ်မှာ သီချင်းထွက်ရှိခဲ့ပါတယ်။ ဖျော်ဖြေရေးတွေပြီးလို့ မကြာခင်မှာပဲ သူတို့နှစ်ဦးတွဲနေပြီလို့ သတင်းတွေထွက်လာခဲ့ပေမယ့် တကယ်တမ်းတော့ ၂၀၁၆ ခုနှစ်ကတည်းက တွဲနေကြပြီဖြစ်ပြီး ၂၀၁၈ ဩဂုတ်လမှာ သတင်းအမှန်ဖြစ်ကြောင်း အတည်ပြုခဲ့ကြပါတယ်။

သူတို့နှစ်ဦးတွဲတာကို လက်မခံနိုင်တဲ့ Cube Entertainment ကုမ္မဏီနဲ့ အဆုံးသတ်လိုက်ပြီးနောက်မှာ ကမ္ဘာကျော်အဆိုတော်ဖြစ်တဲ့ PSY ရဲ့ ကုမ္မဏီ P Nation နဲ့ စာချုပ်ချုပ်ဆိုခဲ့ကြပါတယ်။

အခုချိန်မှာတော့ ပရိတ်သတ်တွေချစ်ရတဲ့ စုံတွဲအဖြစ်ရပ်တည်လျက်ရှိပြီး နှစ်ဦးသားပုံရိပ်တွေကိုလည်း ပရိတ်သတ်တွေရှေ့ အခုလို ချပြလေ့ရှိပါတယ်။ နှစ်ဦးသားအတူတူလည်း Ping Pong လို့အမည်ရတဲ့ သီချင်းထွက်ထားတာမကြာသေးလို့ နားမထောင်ရသေးတဲ့ ပရိတ်သတ်တွေအနေနဲ့ နားထောင်ကြည့်လိုက်ကြပါအုံးနော်။

Image Source: Pinterest