စိတ်ညစ်စရာတွေ ကြုံတွေ့လာချိန်မှာ ကိုယ့်ကိုအကောင်းဆုံး စိတ်ပျော်စေနိုင်တာက DJ ဂီတပါပဲ။ မြူးကြွတဲ့တေးဂီတကို နားဆင်လိုက်တဲ့အချိန်မှာ စိတ်ရှုပ်ထွေးနေတာတွေ၊ ဝမ်းနည်းနေတာတွေအားလုံး ပျောက်ကင်းသွားနိုင်စေနိုင်တာကလည်း ဆေးစွမ်းကောင်းတစ်လက်လို့တောင် ဆိုနိုင်ပါတယ်။

အခုချိန်မှာဆိုရင်တော့ တေးဂီတပွဲတော်တွေကို နေရာအနှံ့အပြားမှာ မြိုင်မြိုင်ဆိုင်ဆိုင် ကျင်းပလာကြပါပြီ။ အချို့ပွဲတွေမှာတော့ အဆိုရှင်တွေကိုယ်တိုင် သီဆိုကြပေမယ့် အချို့သောပွဲတော်တွေမှာတော့ နာမည်ကြီးတေးသီချင်းကောင်းတွေကို ကျွမ်းကျွမ်းကျင်ကျင်နဲ့ Remix ပြန်လုပ်ကြတဲ့ ဒီဂျေများလည်း ပါဝင်လာပါတယ်။

Stars & Style ကဏ္ဍအတွက် အခုတစ်ခါအလှည့်ကျတာကတော့ စွဲမက်စရာကောင်းတဲ့ အမျိုးသမီး ဒီဂျေမလေး SODA ပဲဖြစ်ပါတယ်။

SODA ရဲ့ နာမည်အရင်းက Hwang So-hee ဖြစ်ပြီးတော့ သူမကို ၁၉၈၈ ခုနှစ် ဧပြီလ ၇ ရက်နေ့မှာ တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့မှာ မွေးဖွားခဲ့ပါတယ်။

အရပ်အမြင့် ငါးပေ လေးလက်မရှိပြီး ကိုယ်အလေးချိန်ကတော့ ၁၀၁ ပေါင်ရှိပါတယ်။ cosplay လုပ်ရတာနဲ့ စက်ဘီးစီးရတာကို ဝါသနာပါပြီး English စကားကိုလည်း ပြောဆိုနိုင်ပါတယ်။

အလန်းစားခန္ဓာကိုယ်နဲ့ အမိုက်စားဖက်ရှင်တွေကို ဝတ်ဆင်ပြီး ဒီဂျေတီးလေ့ရှိတဲ့ SODA ရဲ့ ပရိတ်သတ်တွေအတွက် သူမရဲ့ဖက်ရှင်လေးတွေကို မျှဝေပေးလိုက်ပါတယ်နော်။

Image Credit: DJ SODA Facebook Page