နှင်းဧကရီ ဇာတ်လမ်းတွဲနဲ့ မြန်မာပရိတ်သတ်တို့ အသည်းစွဲဖြစ်ခဲ့ရတဲ့ တောင်ကိုရီးယားမင်းသမီးချော Sung Yuri ကို အများစုရင်းနှီးပြီးသားဖြစ်မှာပါ။ သူမကို ၁၉၈၁ ခုနှစ် မတ်လ ၃ ရက်နေ့မှာ ဂျာမနီနိုင်ငံမှာမွေးဖွားခဲ့ပါတယ်။ တစ်ခေတ်တစ်ခါတုန်းက အင်မတန်ရေပန်းစားခဲ့တဲ့ မိန်းကလေးအဖွဲ့ Fin.K.L နဲ့ ၁၉၉၈ ခုနှစ်မှာ အနုပညာလောကထဲကို ဝင်ရောက်လာခဲ့ပြီး ၂၀၀၂ ခုနှစ်မှာ သရုပ်ဆောင်လမ်းကြောင်းကို စတင်လျှောက်လှမ်းခဲ့ပါတယ်။

သူမကို လူသိများစေခဲ့တဲ့ ဇာတ်လမ်းတွဲတွေကတော့ Thousand Years of Love (2003), The Snow Queen (2006), Hong Gil-dong (2008), နဲ့ Feast of the Gods (2010) တို့ပဲဖြစ်ပါတယ်။

သူမရဲ့အမျိုးသားကတော့ ဂေါက်အားကစားသမား Ahn Sung-hyun ဖြစ်ပြီးတော့ ၂၀၁၇ ခုနှစ် မေလထဲမှာပဲ လက်တွဲခဲ့ကြပါတယ်။ ချစ်သူသက်တမ်း လေးနှစ်ရှိပြီး ပွဲကျင်းပတဲ့နေ့ကျမှသာလျှင် လူသိရှင်ကြား ကြေညာခဲ့တာဖြစ်ပါတယ်။