Kang Ha Neul ဆိုတဲ့ အပြုံးချိုချိုလေးကို ပိုင်ဆိုင်ထားတဲ့ ကိုရီးယားမင်းသားချောလေးကတော့ ၁၉၉၀ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၁ ရက်နေ့မှာ မွေးဖွားပါတယ်။ သွေးအမျိုးအစားကတော့ အေသွေးဖြစ်ပြီး အရပ်အမောင်းကတော့ ၆ ပေ ရှိပါတယ်။ အသက် ၁၆ နှစ်က စတင်ပြီး အနုပညာလောကထဲကို ဝင်ရောက်လာခဲ့တာပါ။

နာမည်ကျော်ကြားလူကြိုက်များတဲ့ မင်းသားချောလေးဖြစ်ပေမဲ့ သူ့ကိုယ်သူအရမ်းနှိမ့်ချတတ်ပြီး မာနမကြီးဘဲ ဖော်ရွေတတ်တဲ့အတွက်ကြောင့် သူ့ပရိသတ်တွေက ပိုလို့တောင် အချစ်တိုးရတာပေါ့။

သူက မကတတ်တဲ့အပြင် အမြဲတမ်းပဲ နမော်နမဲ့နိုင်တတ်တဲ့သူတစ်ယောက်ပါလို့ သူ့ပရိသတ်တွေ ရှေ့မှာ ဝန်ခံထားပါတယ်။ အဲ့ဒီလို ရိုးသားပွင့်လင်းပြီး အပြစ်ကင်းစင်တာကြောင့် ဘယ်သူက မချစ်ပဲ နေနိုင်မလဲနော်။

သူက ကျောင်းတုန်းကဆိုရင် ကိုယ်အလေးချိန် ၁၀၀ ကီလို ရှိတဲ့အတွက်ကြောင့် လူအများရဲ့စနောက်ခြင်းကို ခံခဲ့ရပါတယ်။ နောက်ပိုင်းကျတော့ မခံချင်စိတ်နဲ့ ကြိုးစားပြီး ဝိတ်ချတဲ့အခါမှာ အခုလိုမျိုး ခန့်ချောကြီး ဖြစ်သွားတာပါပဲ။ အခုကိုယ်အလေးချိန် ပုံပန်းသွင်ပြင်နဲ့ ပတ်သက်ပြီးတော့လည်း ကျေနပ်အားရဂုဏ်ယူမိပါတယ် ဆိုပြီး ပြောပြခဲ့ဖူးပါတယ်။

သူ့သရုပ်ဆောင်ပိုင်းနဲ့ပတ်သက်ပြီး အတိုင်းအတာတစ်ခုအထိ အောင်မြင်မှုရမှ ချစ်သူထားဖို့ဆုံးဖြတ်ထားတဲ့သူတစ်ယောက်ပါ။ သူ့အလုပ်အကိုင်ထဲမှာပဲ စိတ်ရောကိုယ်ပါ နှစ်ပြီး လုပ်ဆောင်ချင်နေမှန်း သိသာလှပါတယ်။ အကယ်၍ ချစ်သူထားဖြစ်ခဲ့မယ်ဆိုရင်လည်း သူ့လိုပဲ ကိုယ်လုပ်တဲ့ အလုပ်ကို တန်ဖိုးထားပြီး တာဝန်ကျေပွန်တဲ့မိန်းကလေးမျိုးကိုပဲ ရွေးမယ်လို့ ပြောကြားထားပါတယ်။

Photo Source: Pinterest.com