ဘဝမှာ ကိုယ် ချစ်ရတဲ့သူနဲ့ လမ်းခွဲပြီးနောက် အသည်းကွဲတဲ့ခံစားချက်ကို တစ်ကွေ့မဟုတ်တစ်ကွေ့တော့ ခံစားဖူးကြပါတယ်။ ရည်းစားဟောင်း နဲ့ လမ်းခွဲပြီးနောက် အချိန်အတော်ကြာသည်အထိ စိတ်မပြတ်နိုင်သေးတဲ့သူတို့အတွက် နားဆင်ခံစားသင့်တဲ့ သီချင်းကောင်းများကို ဝေမျှပေးချင်ပါတယ်။

Someone Like You – Adele

Adele ရဲ့ Someone Like You သီချင်းလေးက ရိုးရှင်းတဲ့စာသားလေးတွေနဲ့ သီကုံးရေးစပ်ထားတဲ့ သီချင်းတစ်ပုဒ်ပဲဖြစ်ပါတယ်။ နားထဲအချိန်ကြာကြာစွဲထင်နေတဲ့ သီချင်းလေးဖြစ်တဲ့အတွက်ကြောင့် ဒီသီချင်းလေး ထွက်ရှိပြီးသည့်အချိန်အတော်အတန်ကြာသည်အထိ လူအများရဲ့ပါးစပ်ဖျားပေါ်မှာ စွဲကျန်နေခဲ့တာဖြစ်ပါတယ်။

The Scientist – Coldplay

Coldplay ကို သိတယ်ဆိုရင်တော့ The Scientist သီချင်းကိုလည်း ရင်းနှီးပြီးသားဖြစ်မှာပါ။

Somebody That I Used To Know – Gotye (Feat. Kimbra)

သင့်အနေနဲ့ အသည်းကွဲဒဏ်ရာကို အလူးအလဲခံစားနေရတယ်ဆိုရင်တော့ ဒီသီချင်းလေးကို နားဆင်ကြည့်ဖို့ အကြံပေးချင်ပါတယ်။

The One That Got Away – Katy Perry

Katy Perry လို့ ပြောလိုက်တာနဲ့ အဆွေးသီချင်းကို ပုံဖော်မိမှာမဟုတ်ပါဘူး။ ဒါပေမဲ့ ဒီသီချင်းလေးကတော့ ကိုယ် ချစ်တဲ့သူကို လက်လွှတ်ဆုံးရှုံးလိုက်ရတဲ့အကြောင်း သီဆိုထားတာဖြစ်ပါတယ်။ တီးလုံးသံစဉ်က မြူးမြူးကြွကြွလေးနဲ့ စာသားတွေကတော့ ဝမ်းနည်းစရာအပြည့်ဖြစ်နေတဲ့ သီချင်းတစ်ပုဒ်ပါပဲ။

Don’t’ Forget About Us – Mariah Carey

ဒီသီချင်းလေးကတော့ ၉၀ ပြည့်နှစ်တုန်းက လူကြိုက်များခဲ့တဲ့ အဆွေးသီချင်းလေးတစ်ပုဒ်ပဲဖြစ်ပါတယ်။

Back To December – Taylor Swift

ဒီသီချင်းလေးကတော့ Taylor Swift ရဲ့ လူကြိုက်အများဆုံးသီချင်းတွေထဲက တစ်ပုဒ်ပဲဖြစ်ပါတယ်။

သူ(မ)နဲ့ သုံးလကြာ တွဲခဲ့ပြီးနောက် ပြတ်သွားတဲ့ Taylor Launter ကြား အချစ်ရေးဇာတ်လမ်းကို ရေးဖွဲ့ထားတာဖြစ်ပါတယ်။ ဒီသီချင်းလေးထဲမှာတော့ ကိုယ် ချစ်ရတဲ့သူကို တဖြည်းဖြည်းချင်း ဆုံးရှုံးသွားရတဲ့သူတစ်ယောက်ရဲ့ ခက်ခဲတဲ့ခံစားချက်ကို ဖော်ပြနေတာဖြစ်ပါတယ်။

သူတို့လမ်းခွဲရတာ သူ့အမှားကြောင့်ဖြစ်ပြီး နောင်တရနေတဲ့အကြောင်း သီဆိုထားတာဖြစ်ပါတယ်။