သီချင်းက ဒဏ်ရာကို ကုစားနိုင်တဲ့ စွမ်းအင်ရှိပါတယ်။ Single ဘဝက ပျော်ဖို့ကောင်းပေမယ့် တစ်ခါတလေ လိုက်ဖက်ညီတဲ့ စုံတွဲတွေကို မြင်တဲ့အခါ အထီးကျန်လာတတ်ပါတယ်။ ဒီလိုစိတ် ဖြစ်လာပြီဆိုရင် နားကျပ်ကို တပ် သီချင်း အကျယ် ကြီး နားထောင်သင့်ပါတယ်။ အဆွေး သီချင်း နားထောင်ရင်တော့ သင့်အတွက် ပိုဆိုးသွားပါလိမ့်မယ်။ ဒီတော့ ကိုယ့် ခွန်အားတွေကို တိုးစေပြီး အထီးကျန်မှုကို ကုစားပေးမယ့် သီချင်းစွမ်းအင်ကို လိုပါတယ်။

Single မိန်းကလေးတွေ နားထောင်သင့်တဲ့ သီချင်းတွေက ဘာတွေလဲ ကြည့်လိုက်ရအောင်နော်-

၁။ Beyonce “Single Ladies”

ဒီသီချင်းကို မကြိုက်တဲ့သူ မရှိလောက်ပါဘူး။ ဒီသီချင်း နားထောင်ပြီးနောက်မှာ ကခုန် ချင်စိတ် ပေါက်လာပြီး Single ဘဝက ဘယ်လောက် ပျော်စရာ ကောင်းကြောင်း သိလာပါလိမ့်မယ်။

၂။ Destiny Rogers “Tomboy”

ဒီသီချင်းကိုတော့ Lisa ကို သဘောကျတဲ့ Blink တွေ သိမှာပါ။ Lisa က Tomboy သီချင်းနဲ့ Dance Music Video ထွက်ထားပါသေးတယ်။ Tomboy သီချင်းက သူဌေးသားကို မလိုဘူး၊ ကိုယ်တိုင်က သူဌေးပဲလို့ ဆိုလိုပါတယ်။

၃။ Hailee Steinfeld, Love MySelf

Love myself သီချင်းကိုလည်း မိန်းကလေး အများစု သဘောကျမှာပါ။ ဘယ်သူ့ကိုမှ မလိုဘူး၊ ကိုယ့်ကိုကိုယ်ပဲ ချစ်တယ်ဆိုတဲ့ အဓိပ္ပာယ်ပါ။

၄။ Rachel Platten, “Fight Song”

Fight Song က အခက်အခဲ တွေ ကြုံလာတိုင်း၊ အထီးကျန်လာတိုင်း အားအင် တွေ ပြန်ပေးမှာပါ။ ဘာအခက်အခဲပဲ ကြုံကြုံ အကောင်းဆုံး တိုက်ခိုက်ဖို့ ဆုံးဖြတ်ချက် ဖြစ်လာမှာပါ။

၅။ Beyoncé, “Run The World (Girls)”

ဒါက Beyoncé သီချင်း နောက်တစ်ပုဒ်ပါ။ ယောကျာ်း တွေ မရှိတဲ့ ဘဝကို အကောင်းဆုံး တိုးတက်အောင် ကြိုးပမ်း နိုင်ကြောင်း ခွန်အားပေးထားတဲ့ သီချင်းပါ။

၆။ Miss A, I Don’t Need A Man

ဒါကတော့ Kpop Single Fan Girl တွေအတွက်ပါ။ ယောကျာ်း တစ်ယောက်ကို အလိုမရှိဘူး။ ကိုယ့်ကိုကိုယ် အားကိုးနိုင်ကြောင်း ဆိုထားတဲ့ သီချင်းပါ။

၇။ Ariana Grande, Thank you Next

ဒီသီချင်းကိုလည်း တော်တော် များများ ကြိုက်ကြမှာပါ။ Ariana ရဲ့ သီချင်း အများစုက Confidence Build သီချင်းတွေ ဖြစ်ပါတယ်။ 7 Rings ကလည်း ဒီသဘောတရားပါပဲ။ Thank you Next သီချင်း အဓိပ္ပာယ်ကတော့ နောက်တစ်ယောက်ကို ကျေးဇူးတင်တယ်။ ကိုယ့်ကိုကိုယ် ချစ်တတ်နေပြီဆိုတဲ့ အဓိပ္ပာယ်ပါ။

၈။ Taylor Swift, Blank Space

ဒီသီချင်းကတော့ ယောကျာ်းလေးတွေကို ခေါင်းခေါက်တွဲပစ်မယ်။ ကစားပွဲတွေကို သဘောကျတယ်လို့ စိန်ခေါ်ထားတဲ့ သီချင်းတစ်ပုဒ်ပါ။

ဒီသီချင်း တွေအပြင် ကိုယ် ကြိုက်တဲ့ Single တွေ အတွက် ရည်ညွှန်းတဲ့ သီချင်းတွေရှိရင် ပြောပြခဲ့ဦးနော်။

By MyStyle Myanmar