ဘဝမှာ ဘယ်သူ့ကိုမှ မလိုဘူး၊ တစ်ယောက်တည်း ရပ်တည်နိုင်တယ်ဆိုတဲ့ စကားလုံးတွေက Single တွေကြားမှာ လိုအပ်တဲ့ ခွန်အား စကားလုံးတွေ ဖြစ်ပါတယ်။ ဘယ်အရာပဲဖြစ်ဖြစ် ကိုယ့်ကိုယ်ကိုယ် အားကိုးနိုင်တဲ့ အရည်အချင်းက လူတိုင်းမှာ ရှိထားသင့်ပါတယ်။ ဘဝကို တစ်ယောက်တည်း နေနိုင်ဖို့ လေ့ကျင့်ထားသင့်ပါတယ်။ ဒီအရည်အချင်းတွေကို သင်က Single တစ်ယောက်ဆိုရင် ပိုလေ့ကျင့်ရ လွယ်ကူမှာပါ။

ဒီလို ခွန်အားတွေ ရရှိဖို့ Single ဘဝကို ရည်ညွှန်းထားတဲ့ သီချင်းတွေကလည်း ကူညီပေးနေပါတယ်။ တစ်ယောက်တည်း ဖြစ်လည်း ဘာမှမဖြစ်ဘူးလို့ သီဆိုထားတဲ့ သီချင်းတွေကို ပုံမှန်နားထောင်မယ်ဆိုရင် သင်ဟာ နဂိုထက် ပိုယုံကြည်အား ကောင်းလာပါလိမ့်မယ်။ နေ့တစ်နေ့ကို အားအင်အပြည့်နဲ့ ယုံကြည်မှု ရှိရှိ ဖြတ်သန်းချင်တဲ့ Single ကောင်မလေးတွေ နားထောင်နိုင်တဲ့ သီချင်းတွေကတော့-

Myself (Bazzi)

တစ်ယောက်တည်း ပိုအဆင်ပြေတယ်၊ ကိုယ့်ဘာကိုယ်ပဲ အာရုံစိုက်ဖို့ အချိန်ရှိတယ်ဆိုပြီး ဆိုထားတဲ့ သီချင်းပါ။ Bazzi သီဆိုတဲ့ သီချင်း အများစုက နားထောင်ကောင်းတာကြောင့် ဒီသီချင်းက သင့်အကြိုက် ဖြစ်မှာပါ။

Me, Myself & I (Bebe Rexha and G-Eazy)

သေတဲ့အချိန်ထိ သီချင်းနားထောင်ရင်း တစ်ယောက်တည်း ဖြတ်သန်းသွားမယ်လို့ ဆိုထားတဲ့ သီချင်းပါ။ G-Eazy ရဲ့ ရက်ပ် စာသားတွေနဲ့ အတူ Bebe Rexha ရဲ့ Feating Chorus အပိုဒ်ကလည်း နားထောင်လို့ ကောင်းပါတယ်။ ဒီသီချင်းမှာ မိတ်ဆွေတုတွေကိုလည်း ဘဝမှာ မလိုအပ်ကြောင်း ပြောထားပါသေးတယ်။

Love Myself (Hailee Steinfeld)

“I Love me, Gonna love myself, no, I don’t need anybody else” ဆိုတဲ့ စာသားနဲ့ Hailee Steinfeld ရဲ့ မြူးမြူးကြွကြွ သီချင်းကလည်း Single ကောင်မလေးတွေ နားထောင်သင့်တဲ့ သီချင်းပါ။

Thank You Next (Ariana Grande)

ဘဝမှာ အချစ်ရေး ဘယ်လောက်ပဲ ကံဆိုးခဲ့ပါစေ၊ နောက်ဆုံး အရမ်းချစ်ရတဲ့ သူတစ်ယောက်ကို တွေ့သွားခဲ့ပြီ ဖြစ်ကြောင်း၊ ဒီလူက သူကိုယ်တိုင်ပဲ ဖြစ်ကြောင်း သီဆိုထားတဲ့ Ariana Grande ရဲ့ နာမည်ကျော် သီချင်းပါ။

Stronger (Britney Spears)

အထီးကျန်ခြင်းက အရင်လို ငါ့ကို မနာကျင်စေတော့ဘူး၊ အချစ်ရေးနဲ့ ပတ်သက်ရင် လုံလောက်ပြီလို့ သီဆိုထားတဲ့ သီချင်းပါ။ မနေ့ကထက် ဒီနေ့မှာ ပိုသန်မာသွားပြီ ဖြစ်ကြောင်း သီဆိုထားတဲ့ Britney Spears ရဲ့ သီချင်းဖြစ်ပါတယ်။

Best Friend (Saweetie feat. Doja Cat)

“ဒါ ငါ့သူငယ်ချင်းလေ၊ ကိုယ်ပိုင် ဝင်ငွေ၊ ကိုယ်ပိုင် ကားတစ်စီးနဲ့ ဘယ်ယောက်ျားကိုမှမလိုတဲ့သူပေါ့” ဆိုတဲ့ စာသားက Single ကောင်မလေးတွေရဲ့ ရင်ကို တိုက်ရိုက်ထိစေမယ့် သီချင်းစာသားတွေပါ။

Good Thing (Kehlani and Zedd)

အကောင်းဆုံးဆိုတဲ့ စားသောက်ဆိုင်တွေမှာ ဘိုကင်လုပ်ပြီး တစ်ယောက်တည်း စားတယ်၊ အမြန်ဆုံး ကားတွေကို ဝယ်ပြီး နှေးနှေးလေး မောင်းတယ်၊ တစ်ချိန်ချိန်မှာ တစ်ယောက်ယောက်နဲ့ ဆုံတွေ့မယ်လို့ လူတွေ ပြောကြလည်း အကောင်းဆုံးအရာတွေက ငါ့ဆီမှာ ရပြီးသားဆိုပြီး ပြောပြထားတဲ့ သီချင်းကောင်းပါ။

Video Source: YouTube

by MyStyle Myanmar