Son Ye-jin က ၂၀၀၃ ခုနှစ်တည်းက အနုပညာလုပ်ငန်းမှာ အောင်မြင်မှု ရရှိခဲ့သူ ဖြစ်ပါတယ်။ သူမရဲ့ ပီပြင်လှတဲ့ သရုပ်ဆောင်ချက်ကို “The Classic” ဆိုတဲ့ နာမည်ကျော် ဇာတ်လမ်းမှာ သင်ကြည့်ဖူးမှာပါ။ အခုလက်ရှိ Son Ye-jin က အသက် ၄၀ ရှိပြီ ဖြစ်ပြီး သူမရဲ့ နောက်ဆုံးထွက်ထားတဲ့ ဇာတ်ကားဖြစ်တဲ့ Thirty Nine ဇာတ်လမ်းက ပရိတ်သတ်တွေကြားထဲ လူကြိုက်များခဲ့ပါတယ်။ ဒီတစ်ခေါက်မှာတော့ အရွယ်တစ်ခုရောက်ပြီး ရင့်ကျက်နေပြီ ဖြစ်တဲ့ မိန်းကလေးတို့နဲ့ လိုက်ဖက်မယ့် စီနီယာမမ Son Ye-jin ပြင်ဆင်လေ့ရှိတဲ့ ဆံပင်စတိုင်တွေကို ဖော်ပြလိုက်ပါတယ်။ သူမရဲ့ ဆံပင်စတိုင်အများစုက လူကြီးဆန်ပြီး အေးဆေးတည်ငြိမ်တဲ့ Vibe မျိုးကို အပြည့်အဝ ပေးနိုင်ပါတယ်။ ဆံပင်စတိုင် အများစုက အရှည်ကို ဒီအတိုင်း ရိုးရိုးလေး ချထားတာကို သင်တွေ့ရပါလိမ့်မယ်။ ဒီတော့ ကြည့်လိုက်ရအောင်နော်-

Son Ye-jin က ဆံပင်ကို လှိုင်းတွန့် ပြေပြေလေးနဲ့ တစ်ဘက်ကို ရှေ့မှာ ထားကာ နောက်တစ်ဘက်ကို နောက်မှာ ထားလေ့ရှိပါတယ်။ ဒီဆံပင်စတိုင်က လူကြီးဆန်ဆန် လှချင်တဲ့ မိန်းကလေးတွေနဲ့ သင့်တော်ပါတယ်။


နောက်ထပ် Son Ye-jin ရဲ့ တွေ့ရများတဲ့ ဆံပင်စတိုင်ကတော့ ဆံပင်အဖြောင့်ကို နောက်မှာ ဒီအတိုင်း ချထားတာပါ။ ထူးခြားတာက နားရွက်နောက်မှာ ဆံပင်အကုန်သိမ်းထားပြီး မျက်နှာရှင်းရှင်းလေးကို မြင်ရတာပါ။

ဆံပင်အနက် လှိုင်းတွန့်က အခုနောက်ပိုင်း ပျိုမေတွေကြား အတွေ့များလာပါတယ်။

သူမက ဆံပင် ဂုတ်ထောက်ကို ကောက်ကောက်လေး ပြင်ဆင်တတ်ပါသေးတယ်။

ဆံပင်စည်းတာကိုမှ နောက်မှာ နေရာလပ်မထားဘဲ ဆံပင်ကို လုံးဝ အနိမ့် စည်းပေးရတာပါ။ ဒီဆံပင်စတိုင်က ဆံပင်ချမထားချင်တဲ့ မိန်းကလေးတွေနဲ့ လိုက်ဖက်ပါတယ်။

“Crash Landing on You” Press Conference မှာ တွေ့ရတဲ့ Son Ye-jin ရဲ့ ဆံပင်စတိုင်က ပေါ့ပေါ့ပါးပါး ရိုးရိုးရှင်းရှင်းနဲ့ ကြည့်လို့ကောင်းပါတယ်။

ဆံပင်အတိုညှပ်ချင်တဲ့ ပျိုမေတို့အတွက် မျက်နှာကို ပိုသွယ်တယ်ထင်ရစေမယ့် Son Ye-jin ရဲ့ ဆံပင်အတိုစတိုင်

ဆံပင်အဖြောင့်ကိုမှ အောက်ဘက်မှာ ကွေးထားတဲ့ Son Ye-jin ရဲ့ ဆံပင်စတိုင်

ဆံပင်အကောက်သဘောကျတဲ့ ပျိုမေတို့အတွက်

ရှေ့ Bang ကို ကွေးကွေးလေးနဲ့ Son Ye-jin ရဲ့ ရိုးရိုးရှင်းရှင်း ဆံပင်စတိုင်

Photo Source: Pinterest

By MyStyle Myanmar