အဆိုရော၊ သရုပ်ဆောင်ပါ ပိုင်နိုင်ကျွမ်းကျင်သူတစ်ဦးဖြစ်တဲ့အပြင် ‘Apink’ အဖွဲ့ဝင်တစ်ဦးလည်းဖြစ်တဲ့ Son Naeun ကို Kpop Fanတော်တော်များများကတော့ ရင်းနှီးပြီးသားဖြစ်ကြမယ်ထင်ပါတယ်။ ‘Apink’ အဖွဲ့ဝင်တစ်ဦးဖြစ်မလာခင်ကတည်း တေးသီချင်းဗွီဒီယိုများတွင် ပါဝင်သရုပ်ဆောင်ခဲ့သည့် Naeun ဟာ ကိုယ်ခန္ဓာအလွန်သေးသွယ်ပြီး အင်မတန်ချောမောလှပတာကြောင့် အချိန်တိုအတွင်းမှာ အလွန်ကျော်ကြားလာခဲ့ပါတယ်။
တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့မှာမွေးဖွားခဲ့တဲ့ Naeun ရဲ့မွေးနေ့တော့ ဖေဖော်ဝါရီ ၁၀၊ ၁၉၉၄ ဖြစ်ပါတယ်။ ညီမအငယ်လေးတစ်ယောက်ရှိပြီး ‘Dongguk University’ တွင် သရုပ်ဆောင်မေဂျာနဲ့ ပညာဆည်းပူးခဲ့တဲ့သူတစ်ဦးပဲ့ ဖြစ်ပါတယ်။
သူမရဲ့အရပ်က ငါးပေခြောက်လက်မရှိပြီး ကိုယ်အလေးချိန်ကတော့ ၉၉ ပေါင်ပဲရှိပါတယ်။ ဘီသွေးအမျိုးအစားပိုင်ရှင်ဖြစ်တဲ့ Naeun ဟာ သီချင်းနားထောင်ရတာ၊ ပန်းချီဆွဲရတာနဲ့ ဈေးဝယ်ထွက်ရတာကို အထူးနှစ်သက်ပါတယ်။
အဆိုအနေနဲ့အောင်မြင်လာပြီးနောက်မှာ သရုပ်ဆောင်နယ်ပယ်သို့ ခြေလှမ်းစတင်ခဲ့ပြီး ‘The Great Seer’, ‘Childless Comfort’ နှင့် ‘Cinderella And Four Knights’ တို့လို ကျော်ကြားသော ဇာတ်လမ်းတွဲများတွင်လည်း သရုပ်ဆောင်ခဲ့ပြီးပါပြီ။ Gangnam Style စတားဖြစ်တဲ့ PSY ရဲ့ နောက်ဆုံးထွက်သီချင်း I Luv It ထဲမှာပါဝင်သရုပ်ဆောင်ခဲ့ပြီးနောက်မှာ အထူးလူသိများလာခဲ့ပါတယ်။
ခန္ဓာကိုယ်အချိုးအစား အင်မတန်ပြေပြစ်လှပလွန်းတဲ့ Naeun ရဲ့ ဖက်ရှင်ဒီဇိုင်းလေးတွေက အထာကျကျ ဆွဲဆောင်မှုရှိလွန်းတာကြောင့် ပိန်ပိန်သွယ်သွယ်လူငယ်ကောင်မလေးတွေ လိုက်လံဝတ်ဆင်နိုင်ဖို့ အခုပဲ့ဝေမျှပေးလိုက်ပါတယ်နော်။
Photo Source: Pinterest