တချို့က အလှသာပြင်တာ အလှအပနဲ့ပတ်သက်ပြီး မလုပ်သင့်တာတွေကို သေချာမသိတာမျိုးတွေ ရှိပါတယ်။ ဒီလိုမလုပ်သင့်တာတွေကိုလုပ်ရင် ကိုယ်ပဲထိခိုက်ရပါတယ်။ ဒါကြောင့် အလှအပနဲ့ပတ်သက်ပြီး မလုပ်သင့်တဲ့ အလေ့အကျင့်ဆိုးတွေကို ပြောပြပေးလိုက်ပါတယ်။ ကိုယ်လုပ်မိနေတယ်ဆိုလည်း ဒါတွေကိုသိသွားတော့ ပြင်လို့ရတာပေါ့။

ဆံပင်ကို တင်းကျပ်နေအောင် အမြဲစုစည်းတတ်တဲ့အကျင့်ရှိရင် ပြင်သင့်ပါတယ်။ ဒီလိုအမြဲစည်းတာက ဆံပင်ကျွတ်စေပါတယ်။

Sunscreen ကို မျက်နှာပဲလိမ်းတတ်တဲ့အကျင့်ရှိရင် အခုပဲပြင်လိုက်ပါတော့နော်။ Sunscreen ဆိုတာ skin တစ်ခုလုံးအတွက် လိုအပ်တာမို့ လည်ပင်း၊ ဂုတ်နဲ့ နေရောင်ထိမယ့် Body အကုန်လိမ်းဖို့ လိုပါတယ်။

ဆံပင်ရေစိုနေချိန်မှာ ခေါင်းဖြီးတာက အလေ့အကျင့်ဆိုးတစ်ခုပါ။ ဆံသားအရမ်းပျက်စီးစေတယ်။ ဆံပင်လည်း တအားကျွတ်စေပါတယ်။

Dryer သုံးတဲ့အခါမှာ အပူနဲ့မသုံးပါနဲ့။ အပူနဲ့သုံးတာ၊ မှုတ်တာက ဆံပင်ဖွာပြီး ဆံသားခြောက်သွေ့စေတယ်။ ဆံသားပျက်စီးစေပါတယ်။

မျက်နှာကိုလက်နဲ့ အမြဲကိုင်တတ်၊ ထိတတ်တဲ့အကျင့်က အလေ့အကျင့်ဆိုးပါ။ လက်က နေရာစုံကိုကိုင်ထားတာကြောင့် မမြင်နိုင်တဲ့ ဘတ်တီးရီးယားတွေ အများကြီးရှိပါတယ်။ ခဏခဏမျက်နှာကို လက်နဲ့ထိလိုက်၊ ကိုင်လိုက်၊ ကလိလိုက်လုပ်နေရင်တော့ မျက်နှာမှာ ဖုသေးသေးလေးတွေထွက်မယ်၊ ဝက်ခြံ၊ အဆီဖုတွေ ထွက်လာပါလိမ့်မယ်။

မိတ်ကပ်လိမ်းပြီး setting powder ပုတ်မယ်ဆိုရင် ဘယ်တော့မှ အများကြီးမပုတ်ပါနဲ့။ မိတ်ကပ်သားကို အရမ်းကြည့်ရဆိုးစေပါတယ်။ လုံးဝမလှပါဘူး။

Source: www.brightside.me