လူအများလုပ်ဆောင်နေတဲ့အရာကို လိုက်လံပြုလုပ်ခြင်းက လူအများကြား သင့်ကိုပေါ်လွင်ထင်ရှားနေစေမှာ မဟုတ်လို့ ရှေးမူကိုလည်းမပျက်စေဘဲ မိမိကိုယ်ပိုင်အသွင်ကို ရယူနိုင်စေရန်အတွက် အကြံပေးချက်အချို့ကို ဖော်ပြပေးလိုက်ရပါတယ်။

ဒေါက်ဖိနပ်မဖြစ်မနေစီးရမယ်လို့ ဘယ်သူမှမပြောပါဘူး။

ဒေါက်မြင့်ဖိနပ်ကို စီးလိုက်ခြင်းက ပိုမိုကျော့ရှင်းတဲ့ ကိုယ်လုံးအလှကို ပေါ်လွင်စေတာမှန်သော်လည်း ကခုန်ခြင်း၊ သူငယ်ချင်းများနှင့်အပြင်လျှောက်သွားခြင်းတို့ကို လုပ်ဆောင်ရမည့်အခါများတွင်တော့ ခြေထောက်နာကျင်မှုကိုဖြစ်ပေါ်လာစေနိုင်ပြီး သက်သောင့်သက်သာမရှိစေမှာဖြစ်ပါတယ်။

အချိန်သီးသန့်ပေး၍ အဝတ်အစားလဲစရာမလိုပါဘူး။

မိမိ၏အလုပ်ကိစ္စများကို လုပ်ကိုင်နေရသောကြောင့် ပါတီပွဲဖြစ်စေ၊ မင်္ဂလာပွဲဖြစ်စေ သွားရောက်ဖို့ရာ အဝတ်အစားလဲရန် အချိန်မပေးနိုင်တော့သည့်အခါ အတင်းအကြပ်မကြိုးစားပါနှင့်။ လက်ရှိဝတ်ဆင်ထားတဲ့ အဝတ်အစားကိုပင် ဆွဲဆောင်မှုရှိသည့်နှုတ်ခမ်းနီအရောင်နှင့် လိုက်ဖက်မှုရှိမည့်ဆံပင်စတိုင်တို့ ပြောင်းလဲပြင်ဆင်လိုက်နိုင်ပါတယ်။

ခေါင်းစားခံ၍ မစဉ်းစားပါနှင့်။

ပါတီပွဲတပွဲတွင် အနည်းဆုံးမိန်းကလေးတစ်ယောက်မှာတော့ သိုးမွှေး သို့မဟုတ် သားရေဂျာကင်အင်္ကျီကို ကိုယ်လုံးပေါ်ဘောင်းဘီရှည်၊ ဘွတ်ဖိနပ်တို့ဖြင့် တွဲဖက်ဝတ်ဆင်လာနိုင်သည့်အတွက် ဝေးဝေးလံလံရွေးချယ်နေစရာလိုတော့မည်မဟုတ်ပေ။

တမင်တကာပွရှုပ်စေပါ။

အချို့သူများအတွက်တော့ ခေါင်းမဖြီး၊ မလိမ်းခြယ်ဘူးဟု ထင်မှတ်ယူနိုင်သော်လည်း ယနေ့ခေတ်ကဲ့သို့ အရာရာခေတ်စားနေသောအချိန်တွင် တမင်တကာ ပွရှုပ်ထားခြင်းသည် သူမတူထူးခြားသည့် အသွင်ကိုပေးစွမ်းနိုင်ပါတယ်။

နေ့အချိန်တွင်ဆန်းဆန်းပြားပြား၊ ညဖက်တွင်ရိုးရိုးရှင်းရှင်း

အရေးကြီးသည့်ပွဲများသို့ တက်ရောက်ရန်လိုအပ်လာသည့်အခါ အလွန်အကျွံပြင်ဆင်ရန်မလိုဘဲ ရိုးရှင်းသည့်ဒီဇိုင်းက သိမ်မွေ့ကျော့ရှင်းသော မိန်းကလေးတစ်ယောက်၏အလှကို ပေါ်လွင်စေနိုင်ပါတယ်။ နေ့ခင်းနေ့လည် အပေါင်းအသင်းများနှင့် လွတ်လွတ်လပ်လပ်သွားလာရသည့်အချိန်များတွင်တော့ ထူးကဲဆန်းပြားသည့်ဖက်ရှင်ဒီဇိုင်းက ဆွဲဆောင်မှုရှိနေစေမှာဖြစ်ပါတယ်။