တက်တူးထိုးခြင်းနှင့်ပတ်သက်၍ လူတစ်ဦးနှင့်တစ်ဦး အတွေးအခေါ်မတူနိုင်ကြပါဘူး။ လောကမှာ အမျိုးမျိုးသော တတ်တူးပုံစံများရှိကြပြီး အချို့သောတက်တူးပုံစံတို့က ချစ်စဖွယ်အသွင်ကို ပေးတတ်ကြပါတယ်။ ဒါကြောင့်လည်း တက်တူးနှင့်ပတ်သက်၍ တယူသန်တွေးခေါ်တတ်သည့်သူများ အမြင်ပြောင်းသွားနိုင်စေရန် မျှော်လင့်ပြီး အောက်ဖော်ပြပါ တက်တူးပုံစံလေးတွေကို ဖော်ပြပေးလိုက်ရပါတယ်။

မိမိကြိုက်နှစ်သက်ရာ ဇာတ်ကောင်များကို ထိုကဲ့သို့ပုံစံအသေးမျိုးအနေဖြင့်လည်း တက်တူးထိုးထွင်း၍ ပုံဖော်နိုင်ပါတယ်။

ချစ်သူနှစ်ဦး၏ ပျော်ရွှင်စရာအချိန်လေးကို ခန္ဓာကိုယ်အပေါ် တက်တူးထိုးမှတ်ထားခြင်းက ထိုအခိုက်အတန့်လေးကိုအမြဲအမှတ်ရနေစေနိုင်ပါတယ်။

ဒီတက်တူးမျိုးလေးကလည်း ညီအမနှစ်ယောက်၏ ပြန်မမှတ်မိနိုင်တော့မည့် အမှတ်တရလေးများကို တက်တူးထိုး၍ ပြန်လည်တမ်းတ အောက်မေ့စေမှာ ဖြစ်ပါတယ်။

အခြားတက်တူးပုံစံတွေကို အကြောင်းအရာအမျိုးမျိုးဖြင့် ငြင်းဆိုနိုင်သော်လည်း ဤကဲ့သို့ မိသားစုအမှတ်တရ တက်တူးလေးကိုတော့ မည်သူမှ ငြင်းဆန်နိုင်မှာမဟုတ်ပါဘူး။

နောက်တမျိုးအနေနဲ့ကတော့ ပန်းအသွင်ရှိတဲ့တက်တူးလေးပဲဖြစ်ပါတယ်။ မိမိကြိုက်နှစ်သက်ရာပန်းကို ရွေးချယ်၍ အလှအနေဖြင့် ရေးဆွဲနိုင်ပါတယ်။

နားကပ်ဝတ်ဆင်ရသည်ကို ကြိုက်နှစ်သက်သော ပျိုမေလေးများအတွက် ဤတက်တူးပုံစံက အထူးသင့်တော်မှာဖြစ်ပါတယ်။ နားနာကျင်မှုမရှိဘဲ စတိုင်ကျကျလှပစေနိုင်မှာပါ။