အသားအရေကောင်းချင်တယ်ဆိုပြီး Skincare အရမ်းလုပ်တာမျိုး၊ ဘာကဘယ်လိုဆိုတာ သေချာမသိပဲ သူများညွှန်းတိုင်း၊ ကောင်းတယ်ပြောတိုင်း အကုန်လျှောက်လုပ်တာ၊ လျှောက်သုံးတာတွေက အသားအရေကို အရမ်းထိခိုက်ပျက်စီးစေပါတယ်။ Skincare တွေလုပ်နေရက်နဲ့ ဝက်ခြံတွေပေါက်ပြီး Sensitive Skin ပါဖြစ်လာတယ်ဆိုရင်တော့ ဒီလိုအမှားမျိုးတွေကို သင်ကိုယ်တိုင်ပြုလုပ်မိနေလားဆိုတာ ပြန်စမ်းစစ်ဖို့ လိုနေပါပြီ။

မျက်နှာကို Facial Foam နဲ့ ခဏခဏသစ်တာ

မျက်နှာကို Facial Foam နဲ့ မနက်တစ်ကြိမ်၊ ညတစ်ကြိမ်ပဲ သစ်ဖို့လိုပါတယ်။ ခဏခဏမျက်နှာသစ်ရင် အသားခြောက်ပြီး Sensitive Skin ဖြစ်လာနိုင်ပါတယ်။ အကောင်းဆုံးကတော့ မနက်ပိုင်းကို Mild ဖြစ်တဲ့ Facial Foam နဲ့ပဲ သစ်တာ ပိုကောင်းပါတယ်။

Double Cleansing မလုပ်တာ

မျက်နှာသစ်ရင် ရေနဲ့ပဲတန်းသစ်တာမျိုး၊ မျက်နှာသစ်ဆေး (Facial Foam) နဲ့ တန်းသစ်တာမျိုးက ဝက်ခြံတွေနဲ့ အဆီဖုတွေထွက်လာစေပါတယ်။ Skincare တွေလုပ်နေရက်နဲ့ အသားအရေကောင်းမလာဘူး၊ ဝက်ခြံနဲ့ အဆီဖုတွေပဲ ပေါက်လာတယ်ဆိုရင်တော့ Makeup Remover နဲ့ဖျက်ပြီးမှ မျက်နှာသစ်ဆေးနဲ့သစ်တာမျိုးကို မလုပ်လို့ပါပဲ။

အရမ်းပြင်းတဲ့ Skincare တွေသုံးမိတာ

အသားဖြူစေတဲ့ Skincare တွေ၊ Glow စေတဲ့ Skincare တွေဆိုပြီး ဘယ်လိုပါဝင်ပစ္စည်းတွေနဲ့ လုပ်ထားမှန်းသေချာမသိပဲ၊ ပါဝင်ပစ္စည်းတွေကို သေချာမဖတ်ပဲ သူများကောင်းတယ်ပြောတိုင်း လိုုက်သုံးတာတွေကြောင့် Sensitive Skin ဖြစ်လာနိုင်ပါတယ်။ အရမ်းပြင်းတဲ့ Skincare တွေကို တတ်နိုင်သလောက် ရှောင်ပါ။

Anti Aging Skincare Product တွေကို အစောကြီးသုံးတာ

Anti Aging Skincare Product တွေကို အသက် ၂၅ မှစပြီးသုံးတာ ပိုကောင်းပါတယ်။ အသက် ၂၅ မတိုင်ခင်မှာသုံးတာ အသားအရေအတွက်လည်း မကောင်းပါဘူး။ အခန့်မသင့်ရင် ဝက်ခြံတွေအများကြီးပြုံထွက်လာတာမျိုး ဖြစ်တတ်ပါတယ်။

ခေါင်းအုံးစွပ်ပုံမှန်မလဲတာ

မျက်နှာအသားအရေကောင်းဖို့ဆိုတာ ကိုယ်အိပ်တဲ့ ခေါင်းအုံးစွပ်ကို ပုံမှန်လဲတာနဲ့ အများကြီး သက်ဆိုင်ပါတယ်။ အနည်းဆုံး တစ်ပတ်တစ်ခါ လဲပေးရပါတယ်။ ခေါင်းအုံးစွပ်ပုံမှန်မလဲရင် မျက်နှာမှာ ဖုတွေထွက်လာမယ်၊ အဆီဖုနဲ့ ဝက်ခြံတွေ ထွက်လာပါလိမ့်မယ်။