လူတိုင်းလိုလိုကြုံတွေ့နေကြရတဲ့ Stress တွေလျော့ကျသွားဖို့ ပြေပျောက်သွားဖို့အတွက် စိတ်ပညာရှင်တွေ သုံးလေ့ရှိတဲ့ နည်းလမ်းတွေထဲက လွယ်လွယ်ကူကူလုပ်လို့ရမယ့် အရာတချို့ကို မျှဝေပေးလိုက်ပါတယ်။ စိတ်ဖိစီးမှုတွေ Stress တွေများလာတဲ့အခါ အမြန်ဆုံးပြေပျောက်သွားစေဖို့ ဒီနည်းလမ်းတွေကို လိုက်ပြီးကျင့်သုံးကြည့်ဖို့ တိုက်တွန်းချင်ပါတယ်။

စိတ်ထဲဖြစ်နေတာတွေ၊ မကျေနပ်တာတွေ၊ ခံပြင်းတာတွေ၊ ခံစားရတာတွေ အကုန်လုံးကို စာအုပ်ထဲမှာ ချရေးလိုက်ရင် Stress တွေ လျော့ကျပြီး ပြေပျောက်စေပါတယ်။

သစ်သီးချိုချိုချဉ်ချဉ်လေးတွေကို ရောပြီး သုပ်စားကြည့်ပါ။ စိတ်ခံစားမှုတစ်မျိုးဖြစ်ပြီး လန်းဆန်းသွားစေတယ်။ Stress တွေလည်း လျော့ကျလာစေပါတယ်။

လက်သီးကိုကျစ်ကျစ်ဆုပ်ပြီး လက်ဖဝါးပြန်ဖြန့်လိုက်၊ လက်သီးဆုပ်လိုက်နဲ့ လုပ်ကြည့်ပါ။ ၁၀ စက္ကန့်လုပ်ပြီး စက္ကန့် ၂၀ နား၊ ပြီးရင် ပြန်လုပ်ပါ။

ကိုယ်ဝါသနာပါတဲ့အရာတစ်ခုခုကို စိတ်နှစ်ပြီးလုပ်ရင်း အချိန်ကြာကြာကုန်ဆုံးလိုက်ပါ။ Stress တွေလျော့ကျသွားတာ အရမ်းသိသာပါလိမ့်မယ်နော်။

Source: Brightside.me