Relationship တစ်ခုမှာ ချစ်သူရည်းစားသက်တမ်းကြာလာတာနဲ့အမျှ သံယောဇဉ်ပိုမိုခိုင်မြဲလာတဲ့စုံတွဲတွေရှိသလို တစ်ယောက်အကြောင်းတစ်ယောက် အကြာကြီးသိလာပြီး စိတ်ပျက်သွားကြတဲ့စုံတွဲတွေလည်း ရှိပါတယ်နော်။ ဘယ်လိုပဲ့ဖြစ်ဖြစ် နှစ်နှစ် သုံးနှစ်ထက် ကြာကြာတွဲမိသွားပြီဆိုတာနဲ့ အတည်စဉ်စားဖို့လိုအပ်လာပါပြီ။ တကယ်ချစ်ကြလို့လည်း အကြာကြီးသည်းခံပြီး တွဲလာကြတာဆိုတော့ Relationship ရဲ့နောက်တစ်ဆင့်ကို တိုးသင့်ပါတယ်။

ကဲ…နောက်တစ်ဆင့်တိုးဖို့ဆိုတာက ဘယ်လိုအရာလဲဆိုတော့ Promise Ring ပါပဲ့နော်။ မြန်မာလူမျိုးတွေအနေနဲ့ သိပ်မရင်းနှီးလှတဲ့ Promise Ringက ဘယ်လိုအဓိပ္ပါယ်တွေနဲ့ နက်ရှိုင်းနေမလဲဆိုတာ အတူတူကြည့်လိုက်ရအောင်နော်။

Beyonce သီချင်းစာသားထဲက “ If you liked it, then you should have put a ring on it” ဆိုတဲ့အတိုင်း ချစ်တယ်ဆိုတဲ့အဓိပ္ပာယ်ကို ပိုမိုနက်ရှိုင်းလာအောင်နဲ့ တသက်လုံးအနားမှာရှိပေးပါမယ်ဆိုတဲ့ ကတိကိုပေးတဲ့အနေနဲ့ Promise Ring ကိုပေးကြတာပဲ့ဖြစ်ပါတယ်။ Promise Ring ဟာ Engagement Ring လောက်တန်ဖိုးကြီးစရာမလိုပါဘူး။ နှစ်ယောက်စလုံးအတွက် အမှတ်တရဖြစ်စေမယ့် သင်္ကေတတစ်ခု လက်စွပ်မှာပါရင် ရပါပြီနော်။

မြန်မာနိုင်ငံမှာတော့ လက်လှမ်းမိသလောက်သိရတာက ယောကျ်ားလေးတွေဟာ Promise Ring တွေပေးလေ့မရှိကြပါဘူး။ အနောက်တိုင်းနိုင်ငံ‌တော်တော်များများမှာတော့ Promise Ringပေးတဲ့ အလေ့အထကို ပြုလုပ်လေ့ရှိတာကို တွေ့ရပါတယ်။ Promise Ring ပေးတဲ့အခါမှာ ခံယူချက်အမျိုးမျိုးတော့ ကွဲပြားကြပါတယ်။ တကယ်တော့ ကိုယ်ယူမယ်လို့ဆုံးဖြတ်ထားတဲ့ မိန်းကလေးကိုပဲ့ပေးသင့်ပါတယ်။ ဒီလိုမှမဟုတ်ပဲ Relationship တစ်ခါပြောင်းတိုင်းပေးမယ်ဆို အနှစ်သာရလည်းမှေးမှိန်သွားနိုင်ပါတယ်။ ကဲ Promise Ring ကို အများအားဖြင့် ယောကျ်ားလေးတွေဘက်က ဘယ်လိုခံယူချက်တွေနဲ့ပေးကြလဲဆိုတာကို ပျိုမေလေးတွေသိရှိနိုင်ဖို့ မျှဝေပေးလိုက်ပါတယ်နော်။

တစ်ချို့ကောင်လေးတွေက သူတို့တန်ဖိုးထားချစ်နေရကြောင်းကို သက်သေပြဖို့ပေးကြပါတယ်။ ဒီ Relationship မှာ Commitment လုပ်တယ်ဆိုတဲ့ ခံယူချက်နဲ့ ပေးပါတယ်။

တစ်ချို့ကတော့ Pre-Engagement အနေနဲ့ပေးကြတယ်။ နှစ်ဘက်မိဘနဲ့ စေ့စပ်ပွဲမလုပ်ခင် ကြိုတင်ပြင်ဆင်တဲ့အနေနဲ့ ပေးကြပါတယ်။

တစ်ချို့က Living Together နေကြပေမယ့် Traditional Marriage ကို မလုပ်ချင်ပေမယ့် သစ္စာရှိကြောင်းကိုပြချင်တဲ့အနေနဲ့ ပေးကြပါတယ်။
ကဲ..ဒီလောက်ဆိုရင်တော့ Promise Ringရဲ့အဓိပ္ပါယ်ကို သိရှိသွားလောက်ပြီဆိုတော့ ချစ်သူကောင်လေးတွေကို Mention ခေါ်ပြီးဖတ်ခိုင်းလိုက်ပါအုံးနော်။

Source: AllWomenStalk