ဒီနေ့ MyStyle Myanmar ကနေပြီး ပြောပြပေးမယ့်အကြောင်းအရာကတော့ ယောက်ျားလေးအများစုက အရေးကြီးတယ်လို့ ထင်ထားပေမယ့် မိန်းကလေးတွေ ဂရုမစိုက်တဲ့အရာတွေ အကြောင်းပါ။

ပိုက်ဆံအိတ် အရွယ်အစား

ပိုက်ဆံဘယ်လောက်ရှိလဲဆိုတာ ဂရုစိုက်တဲ့မိန်းကလေး အနည်းငယ်ရှိတာတော့ အမှန်ပါ။ ဒါပေမယ့် မိန်းကလေးအများစုက ဒါကိုဂရုမစိုက်ကြပါဘူး။ သူတို့တွေဆီကို ငွေကြေးနဲ့ ချဥ်းကပ်မယ်ဆိုရင် အမှားကြီးတစ်ခုဖြစ်သွားပါလိမ့်မယ်။

မိန်းကလေးအများစုက Sugar Daddy ကို လိုက်ရှာနေကြတာမဟုတ်ပါဘူး။ သူတို့နဲ့ တန်းတူငွေကြေး ရှာနိုင်တဲ့သူတွေကိုပဲ ရှာကြတာပါ။ မိန်းကလေးအများစုက သူတို့ကို ညီတူညီမျှ ဆက်ဆံစေချင်တာပါ။

အကုန်လုံးအတွက် ယောကျ်ားလေးကပဲ ငွေထုတ်ရှင်းနေတာဟာ သူမကို လွှမ်းမိုးဖို့ကြိုးစားနေတာနဲ့တူပါတယ်။ ဈေးကြီးတဲ့လက်ဆောင်တွေ ဝယ်ပေးနေတာကလည်း သူမကိုသက်သောင့်သက်သာမရှိစေပါဘူး။

အကြွေးတင်သွားသလို ခံစားသွားရစေပါတယ်။ ဈေးကြီးတဲ့ လက်ဆောင်မပေးလို့ စိတ်ကောက်တဲ့ မိန်းကလေးဟာ ပိုက်ဆံကိုပဲကြည့်တဲ့ မိန်းကလေးလို့ မှတ်ယူလို့ရပါတယ်။ ဈေးမကြီးဘဲ အမျိုးသမီးတွေကို ပျော်ရွှင်စေတဲ့ လက်ဆောင်ပစ္စည်းတွေ အများကြီးရှိပါတယ်။

ကြွက်သားအရွယ်အစား

ဒီအချက်ကတော့ ယောက်ျားလေးတော်တော်များများ အရေးကြီးတယ်လို့ ထင်ထားကြတဲ့အချက်ပါ။ ဗိုက်နည်းနည်းလေး ပူလာတာနဲ့ ဘယ်မိန်းကလေးမှ သူတို့ကို လာမကြိုက်တော့ဘူးလို့ ထင်နေတဲ့ ယောက်ျားလေးတွေ အများကြီးရှိပါတယ်။

သူတို့တွေက ခန္ဓာကိုယ် ကြွက်သားကြီးကြီးတွေက မိန်းကလေးတွေကို အထင်ကြီးစေတယ်လို့ ထင်ထားကြတယ်။ ဒါပေမယ့် ဆွဲဆောင်မူရှိနေစေဖို့ Six Pack တွေမလိုအပ်ပါဘူး။

လေ့လာမူတွေအရ အမျိုးသမီးအများစုဟာ ခန္ဓာကိုယ်အရွယ်အစား ပုံမှန်ရှိနေတဲ့သူတွေကိုပဲ လက်တွဲဖော်အဖြစ် ရွေးချယ်ကြကြောင်း ဖော်ပြထားပါတယ်။ အမျိုးသမီးတွေကို ဆွဲဆောင်ဖို့အတွက် ကြွက်သားတွေ ဖုထွက်နေဖို့ထက် စကားအပြောအဆိုကျွမ်းကျင်ဖို့က ပိုမိုအရေးကြီးပါတယ်။

သူမကို အချိန်တိုင်း မင်းသမီးတစ်ပါးလို ဆက်ဆံနေခြင်း

တစ်ချို့ယောက်ျားလေးတွေက သူတို့ကောင်မလေးကို ထိုင်ခုံပေါ်မှာထိုင်ခိုင်းပြီး တစ်ချိန်လုံး မင်းသမီးတစ်ပါးလို ပြုစုနေတတ်ကြပါတယ်။ ဒါကို အမျိုးသမီးအများစုက မလိုလားကြပါဘူး။ သူတို့က လုပ်ကျွေးပြုစုခံချင်တာ မဟုတ်ပါဘူး။ အမျိုးသမီးအများစုက သူတို့ကို ညီတူညီမျှ တန်းတူဆက်ဆံတာကိုပဲ လိုချင်ကြတာပါ။

ကားအကောင်းစား မရှိတာ

ကားအကောင်းစား စီးပြတာဟာ မိန်းကလေးတစ်ယောက်ကို ခဏတာဘဲ အထင်ကြီးစေတာပါ။ ဒါက သူမကို တချိန်လုံးဖမ်းစားဖို့ မလုံလောက်ပါဘူး။ ပိုင်ဆိုင်မူကိုပဲကြည့်ပြီး လိုက်လာတဲ့ မိန်းကလေးနဲ့ ရေရှည်လက်တွဲဖို့ မဖြစ်နိုင်ပါဘူး။

တကယ်လို့ လက်တွဲဖြစ်ခဲ့ရင်လည်း ပျော်ရွှင်တဲ့ အချိန်တွေကို ပိုင်ဆိုင်နိူင်ဖို့ အခွင့်အရေးနည်းပါးပါတယ်။ စံတဲ့အချိန်တူတူစံမယ် ခံရတဲ့အချိန်ကျရင်လည်း တူတူခံမယ်ဆိုတဲ့ မိန်းကလေးမျိုးကိုသာ လက်တွဲဖော်အဖြစ် ရွေးချယ်သင့်ပါတယ်။