Relationship တစ်ခုမှာ စုံတွဲတော်တော်များများက ဒီအရာတချို့ကို မေ့လျော့ပြီး ပြဿနာရှာတတ်ကြလို့၊ နားလည်မှုမထားပေးကြလို့ ခဏခဏရန်ဖြစ်စကားများရပါတယ်။

တစ်ယောက်နေချိန်ပေးဖို့

လူတိုင်းက ဘယ်လောက်ပဲအပေါင်းအသင်းမက်မက်၊ ဘယ်လောက်ပဲ ရည်းစားနဲ့တစ်ချိန်လုံးနေချင်တယ်ပြောပြော တစ်ယောက်ထဲ နေချင်တဲ့အချိန်ဆိုတာ ရှိပါတယ်။ ဒီလိုအချိန်မှာ တစ်ယောက်ထဲနေခွင့်ပေးလိုက်ပါ။ နားလည်ပေးလိုက်ပါ။ တချို့ကျတော့ တစ်ယောက်ထဲနေရင် ကိုယ့်ကိုဂရုမစိုက်ဘူးဆိုပြီး ပြဿနာရှာတာမျိုး၊ စိတ်ဆိုးစိတ်ကောက်တာမျိုး ရှိကြတယ်။ နားလည်မပေးကြဘူး။ အပြစ်ပြောကြတယ်။ ဒါတွေက ကြာလာတဲ့အခါမှာ စိတ်ပျက်စရာတွေဖြစ်လာနိုင်ပါတယ်။

အတိတ်တွေကိုထားခဲ့ပေးဖို့

စုံတွဲတော်တော်များများက တစ်ခုခုပြဿနာဖြစ်ပြီဆိုရင် လက်ရှိဖြစ်နေတာကိုမပြောပဲ အရင်ကဖြစ်ခဲ့တဲ့ကိစ္စ၊ အတိတ်ကဟာတွေကိုပါ ပြန်တူးဆွပြီးပြောကြတယ်။ ဒီလိုပြောတာတွေကြောင့်ပဲ ပြဿနာတွေပိုကြီးလာပြီး ရန်ဖြစ်စကားများကြတာပေါ့။ ဒါကြောင့် အတိတ်ကို အတိတ်မှာပဲထားခဲ့ပါ။ ပြန်အစမဖော်ပါနဲ့။ လက်ရှိပြဿနာကိုပဲ ဖြေရှင်းမယ်ဆိုရင် မြန်မြန်ဆန်ဆန် အဆင်ပြေမှာပါ။

တစ်ယောက်နဲ့တစ်ယောက်မျှတွေးပေးဖို့

Relationship တစ်ခုမှာ သစ္စာရှိဖို့၊ နားလည်မှုရှိဖို့အပြင် ကိုယ်ချင်းစာစိတ်ရှိဖို့လည်း လိုပါတယ်။ တစ်ယောက်နဲ့တစ်ယောက် မျှတွွေးပေးဖို့ကို မေ့လျော့နေတတ်ကြပါတယ်။ ကိုယ်မကြိုက်တဲ့အရာဆို သူကောကြိုက်ပါ့မလားတွေးပြီး အလိုက်တသိဆင်ခြင်ပါ။ ကိုယ်ကတော့ သူများကို ချုပ်ချယ်ထားပြီး ကိုယ်တိုင်ကျ နေချင်သလိုနေလို့ မရပါဘူး။

photo source: www.pinterest.com