ဆံပင်က Greasy ဖြစ်တယ်ဆိုတာ ဟော်မုန်းကြောင့်လည်း ဖြစ်တတ်ပါတယ်။ အဲ့လိုလည်းမဟုတ်ဘူး ဆံပင်က အရင်တုန်းကသိပ်ပြီးတော့ အဆီပြန်တာ၊ ကပ်တာ Greasy ဖြစ်တာမျိုးမရှိပေမယ့် နောက်ပိုင်းမှ အရမ်း Greasy ဖြစ်လာတယ်ဆိုရင်တော့ သင်သတိမထားမိပဲ လုပ်နေမိတဲ့အရာတွေကြောင့် ဖြစ်ပါလိမ့်မယ်။

အိပ်ယာမသန့်ခြင်း

အိပ်ယာမသန့်ရင် အိပ်ယာနဲ့ ခေါင်းအုံးစွပ်တွေမှာကပ်နေတဲ့ ဖုန်မှုန့်နဲ့ အညစ်အကြေးတွေက ဆံပင်နဲ့ ဦးရေပြားကိုကပ်ပြီး ဆံသားအဆီထွက်မှုကို ပိုတိုးလာစေပါတယ်။ ဒါကြောင့်လည်း Greasy ဖြစ်လာစေပါတယ်။

ခေါင်းခဏခဏဖြီးခြင်း

နောက်တစ်ချက်ကတော့ တော်တော်များများ သတိမထားမိတဲ့အချက်ပါ။ ခေါင်းခဏခဏဖြီးခြင်းကလည်း သင့်ဆံပင်ကို အဆီထွက်နှုန်းပိုများလာစေပြီး Greasy ဖြစ်လာစေပါတယ်။ ဒါကြောင့် ခဏခဏခေါင်းဖြီးတာမျိုး မလုပ်ပါနဲ့။

ခေါင်းခဏခဏလျှော်ခြင်း

ခေါင်းလျှော်ပြီး တစ်ရက် နှစ်ရက်လောက်နေတော့လည်း ထပ်ပြီးအဆီပြန်လာလို့ဆိုပြီး ခေါင်းထပ်လျှော်လိုက်နဲ့ ခဏခဏခေါင်းလျှော်နေမယ်ဆိုရင် ဆံပင်ကပိုပြီးတော့ Greasy ဖြစ်လာမှာပါ။ Greasy ဖြစ်လာလို့ ခေါင်းလျှော်လိုက် ဆံပင်က ပိုပြီးတော့ Greasy ဖြစ်လာလိုက်နဲ့ သံသရာလည်နေတာပါပဲ။

Stress များခြင်း

အပေါ်ကအချက်တွေနဲ့လည်း တစ်ခုမှမကိုက်ညီဘူးဆိုရင် သင့်မှာ Stress တွေများနေတာလားဆိုတာ ပြန်စဉ်းစားပါ။ Stress ကြောင့်လည်း အဆီထွက်နှုန်းပိုမိုမြင့်တက်လာပြီး Greasy ဖြစ်လာစေပါတယ်။

လေထုညစ်ညမ်းခြင်း

ကိုယ်နေတဲ့နေရာ၊ ကိုယ်သွားလာနေတဲ့နေရာက လေထုညစ်ညမ်းရင်လည်း ဆံပင်က Greasy ဖြစ်စေပါတယ်။ အညစ်အကြေးတွေကပ်ပြီး အဆီတွေနဲ့ရောပြီး ဗောက်ထတာ၊ ဦးရေပြားယားယံတာမျိုးတွေအထိ ဖြစ်တတ်ပါတယ်။ ဒါကြောင့် ဖုန်များတဲ့နေရာတွေ၊ လေထုညစ်ညမ်းတဲ့နေရာတွေမှာဆိုရင် ဆံပင်ကိုသေချာ သပ်သပ်ရပ်ရပ်စည်းပြီး ဦးထုပ်ဆောင်းတာမျိုးတွေ လုပ်ပေးသင့်ပါတယ်။