ပိတ်ရက်တွေမှာ အပြင်သွားရတာလည်းမကြိုက်ဘူး၊ အိမ်မှာပဲ ငြိမ်ငြိမ်တိတ်တိတ် ဇာတ်ကားလေးကြည့်ရင်းနဲ့ အနားယူရတာကို ကြိုက်ပါသလား။ အခုလိုမျိုး Lifestyle ကို ကြိုက်သူတွေရော ရုပ်ရှင်ချစ်သူတွေအနေနဲ့ရော အိမ်မှာပဲ ဇာတ်ကားကောင်းလေးတွေ ကြည့်နိုင်ဖို့ ရုပ်ရှင်ဇာတ်ကားကောင်းတချို့ကို ညွှန်းပေးချင်ပါတယ်။

Spider-Man: Into the Spider-Verse (2018)

‘Spider-Man: Into the Spider-Verse’ (2018) ကတော့ စူပါးဟီးရိုးကာရိုက်တာတွေ ကြိုက်ကြတဲ့ ရုပ်ရှင်ချစ်သူတွေအသဲစွဲပါ။ Spider Man ဇာတ်ကောင် စူပါဟီးရိုးပင့်ကူလူသားရဲ့ ကမ္ဘာကြီးကိုကူညီပေးတဲ့ ဇာတ်လမ်းဇာတ်ကွက်တွေက သင့်ကိုခွန်အားတွေရလာစေမှာပါ။ အရင် Spider Man ဇာတ်လမ်းတွေလိုပဲ အသစ်ထွက်လာတိုင်း စောင့်ကြည့်ရကျိုးနပ်တဲ့ ဇာတ်ကားတကားပါပဲ။ မကြည့်ရသေးရင်ကြည့်လိုက်ပါဦး။

Coraline (2009)

ပထမဆုံးတကားကတော့ စာရေးဆရာ Neil Gaiman ရဲ့ Coraline ဆိုတဲ့ ကာတွန်းရုပ်ရှင်လေးပါ။ ကာတွန်းရုပ်ရှင်ဆိုပေမယ့် ဘယ်အချိန်ပြန်ကြည့်ကြည့်ရိုးမသွားတဲ့ ဇာတ်လမ်းလေးပါ။

မိန်းကလေးငယ်လေးရဲ့ကလေးသဘာဝစူးစမ်းမှု၊ သူမရဲ့မိဘတွေက သူမကိုဂရုမစိုက်ဘူးလို့ ခံစားရတဲ့အတွက် ပိုကောင်းတဲ့မိဘတွေကိုရှာရင်း အခြားအမှောင်ကမ္ဘာက လှည့်စားမှုတွေကို ဘယ်လိုရင်ဆိုင်ကျော်ဖြတ်ခဲ့ရလဲဆိုတာကို ကာတွန်းအန်နီမေးရှင်း အထူးပြုလုပ်ချက်တွေနဲ့ စိတ်ဝင်စားဖွယ်ဖြစ်အောင် ဒါရိုက်တာက ပြန်လည်ဆန်းသစ်ထားတာပါ။ ဇာတ်လမ်းကောင်းလေးဖြစ်လို့ မကြည့်ရသေးရင်ပဲဖြစ်ဖြစ် ကြည့်ဖူးတဲ့သူပဲဖြစ်ဖြစ် နောက်တခေါက်လောက်ပြန်ကြည့်ဖို့ တိုက်တွန်းပါတယ်။

The House With a Clock in Its Walls (2018)

တကယ်လို့ နည်းနည်းစိတ်လှုပ်ရှားရမယ့် ကြောက်စရာကားမျိုးကိုကြိုက်တယ်ဆိုရင် မိသားစုကြည့်လို့ကောင်းမယ့် The House With a Clock in Its Walls (2018) ကို ညွှန်းပါရစေ။ ၁၉၅၀ ပြည့်လွန်နှစ်တွေဆီကိုပြန်ခေါ်သွားမယ့် ဒီသဘာဝလွန်ပုံပြင်ထဲမှာ မိဘမဲ့ကလေးရဲ့ဇာတ်ကောင်ကနေ သူ့ဦးလေးရဲ့မှော်ဆန်ဆန်အိမ်မှာနေထိုင်ရင်း ဘယ်လိုထိတ်လန့်တုန်လှုပ်စရာတွေကိုကြုံရလဲဆိုတာကြည့်ရမှာပါ။ မကြည့်ရသေးရင် စမ်းကြည့်လိုက်ပါဦး။

Hairspray (2007)

နောက်ထပ်ညွှန်းပေးချင်တာကတော့ Hairspray လို့ခေါ်တဲ့ ဟာသရုပ်ရှင်ကားလေးပါ။ မှတ်မိလွယ်တဲ့ သီချင်း တွေကကွက်တွေကြားက ခိုင်မာတဲ့နိုင်ငံသားအခွင့်အရေးဆိုင်ရာ စကားလုံးတွေကိုပါသိရမယ့် ဇာတ်လမ်းကောင်းတပုဒ်ပါ။

ဇာတ်လမ်းထဲမှာ လူကြီးတွေအတွက် လေးနက်တဲ့အကြောင်းအရာကိုထည့်သွင်း ပြထားသလို သင့်ကလေးတွေအတွက် ပျော်စရာသီချင်းတွေ ကကွက်တွေလေ့လာသင်ကြားပေးလို့လဲရပါတယ်။

How to Train Your Dragon (2010)

Lord of Ring ကို သင်ကြည့်ခဲ့တယ်ဆိုရင် How to Train Your Dragon လို ရုပ်ရှင်ဇာတ်လမ်းတွေက မိသားတွေထိုင်ကြည့်ရင်း အပြန်အလှန်ပြောဆိုဆွေးနွေးရင်း မိသားစုနွေးထွေးမှုရမယ့် ဇာတ်လမ်းမျိုးပါ။

ဗိုက်ကင်းမိသားစုကဆင်းသက်လာတဲ့ ဆယ်ကျော်သက်ကောင်လေးက ဆယ်ကျော်သက်အရွယ်မှာ ဖြစ်တတ်တဲ့ပြသနာတွေနဲ့ ရင်ဆိုင်နေရချိန် သူရဲ့အရင်းနှီးဆုံးသူငယ်ချင်းလေး Toothless နဲ့ ဘယ်လိုခင်မင်သွားကြလာလဲ How to Train Your Dragon ဆိုတဲ့အတိုင်း Toothless လေးကို ဘယ်လိုတွေလေ့ကျင့်ပေးလဲဆိုတာတွေကို ကြည့်ရမှာပါ။

မိတ်ဆွေသူငယ်ချင်းအချင်းချင်း ကူညီဖေးမမှုကိုတွေ့ရမှာဖြစ်တဲ့ အန်နီမေးရှင်း ဇာတ်ကားကောင်းလေးကြိုက်သူတွေ လက်မလွှတ်သင့်တဲ့ ဇာတ်လမ်းလေးပါ။