မျက်မှန်တပ်ထားတဲ့မိန်းကလေးတွေဟာ ချစ်စရာကောင်းပြီး ဆွဲဆောင်မှုရှိပါတယ်။ မျက်လုံးကိုလည်း ထိခိုက်တာကို ကာကွယ်ပေးနိုင်ပါတယ်။ ကိုယ့်ကို မှန်ကြောင်၊ လေးလုံးဆိုပြီး စနောက်နေတာကို ဂရုစိုက်မနေပါနဲ့။ မျက်မှန်တပ်ထားပေမယ့် ခပ်လန်းလန်းလေးနေလို့ရပါတယ်နော်။
သဘာဝနဲ့ Nude အရောင်တွေဟာ မျက်မှန်တပ်တဲ့သူတွေနဲ့ လိုက်ဖက်တယ်။
မျက်လုံးကို အမည်းရောင်ကြီး အပြည့်ချယ်လိုက်တာမျိုးမဟုတ်ဘဲ သဘာဝအရောင်လေးချယ်တာ သို့ Nude အရောင်လေးထည့်လိုက်တာဟာ မျက်လုံးကို ပိုကြီးပြီး အရောင်တောက်စေပါတယ်။ နှုတ်ခမ်းနီကိုလည်း ခပ်ဖျော့ဖျော့လေးဆိုးပေးပါ။
မျက်မှန်အရောင်နဲ့ လိုက်ဖက်အောင် ပြင်ဆင်ပါ။
မျက်လုံးမှာ ချယ်မယ့် eye shadow နဲ့ နှုတ်ခမ်းနီကို မျက်မှန်ကိုင်းအရောင်နဲ့ လိုက်ဖက်အောင် ပြင်ဆင်သင့်ပါတယ်။
Concealer သုံးပါ။
မျက်မှန်တပ်တဲ့သူတွေအနေနဲ့ မျက်ကွင်းညိုနေတာတွေ ရောင်နေတာတွေကို ဖုံးထားနိုင်ဖို့ Concealer ကောင်းကောင်းသုံးပေးသင့်ပါတယ်။ မျက်လုံးအောက်တစ်ဝိုက်မှာ တောက်ပပြီး ဆွဲဆောင်မှုအပြည့်ရှိနေမှာပါ။
(Mascara )မျက်တောင်ကော့ဆေးကို ကောင်းကောင်းသုံးပါ။
(Mascara) မျက်တောင်ကော့တာဟာ ကောင်းပါတယ်။ မှန်သားကိုမပေစေတဲ့ ရေစိုခံနိုင်တဲ့ မျက်တောင်ကော့တံသုံးပေးသင့်ပါတယ်။ တကယ်လို့များ Mascara သုံးလို့အဆင်မပြေရင် မျက်တောင်ကော့တံသုံးပေးပါ။
Liner လေးကို ကော့ပြီးဆိုးပေးပါ။
မျက်မှန်တပ်ထားတဲ့အခါ မျက်မှန်ကိုင်းက မျက်လုံးကို ကွယ်နေတာမျိုးမဟုတ်ဘဲ မျက်လုံးဝင့်ဝင့်လေးဖြစ်ဖို့ Eye Liner ကို ကော့ပြီး ဆိုးပေးသင့်ပါတယ်။
ပါးနီဆိုးပါ။
ပါးနီကို မျက်မှန်တပ်ပြီးမှ ဆိုးပေးပါ။ ပါးရိုးလေးတွေပေါ်အောင် ပါးနီနည်းနည်းလေးပဲထည့်ဆိုပေးပါနော်။
နှုတ်ခမ်းနီအရောင်ရင့်ရင့်ကလည်း သင်နဲ့လိုက်ဖက်ပါတယ်။
နှုတ်ခမ်းနီ အရောင်ရင့်ရင့်တွေကို ကိုယ်နဲ့မလိုက်ဘူးလို့ မထင်ပါနဲ့နော်။ ဒီလိုနှုတ်ခမ်းနီ အရောင်ရင့်ရင့်တွေကလည်း မျက်မှန်လေးနဲ့ လိုက်ဖက်ပါတယ်။