အားလုံးပဲ မင်္ဂလာပါ။ ဆံပင်တွေကျွတ်တာက တအားစိတ်ညစ်စရာကောင်းပါတယ်နော်။ တစ်နေ့ကို အပင် ၁၀၀ လောက်ကျွတ်တာက ပုံမှန်ဆိုပေမယ့်လည်း စိတ်ရှုပ်စရာကောင်းတုန်းပါပဲ။

ဒီလို ဆံပင်တွေကျွတ်တာ သက်သာစေဖို့ ဆေးတွေသုံးတယ်၊ ဆံကေသာထိန်းသိမ်းတာတောင်မှ မသက်သာဘူးဖြစ်နေပါသလား။

ဒါဆိုရင်တော့ ဒီအကြောင်းအရင်းတွေကြောင့် ဆံပင်ကျွတ်တာဖြစ်နိုင်လို့ အခုပဲဖတ်ကြည့်လိုက်ပြီး ဆင်ခြင်လိုက်ရအောင်ပါ။

စိတ်ဖိစီးမှုများခြင်း

စိတ်ဖိစီးမှုကြောင့်ဖြစ်တတ်တဲ့ ဆံကေသာဆိုင်ရာ ပြဿနာ (၆) မျိုး

ချစ်သူသမီးရည်းစား ကိစ္စတွေကြောင့်၊ မိသားစုပြဿနာတွေ၊ အလုပ်ခွင်က အဆင်မပြေမှုတွေကြောင့် စိတ်ဆင်းရဲစရာ ၊ စိတ်ရှုပ်စရာတွေစုလာခြင်းက သင့်ရဲ့ဆံကေသာပေါ်မှာ သက်ရောက်မှုတွေဖြစ်လာနိုင်ပါတယ်။ စိတ်ဖိစီးမှုများလေ ဆံပင်ကျွတ်လေဖြစ်တာကြောင့် စိတ်ချမ်းမြေ့အောင် အတတ်နိုင်ဆုံးကြိုးစားပါ။

သွေးအားနည်းခြင်း

Source: Naturally Savvy

ခန္ဓာကိုယ်အတွင်းမှာ သံဓာတ်ချို့တဲ့ခြင်းကြောင့် ဖြစ်ပေါ်လာတဲ့ သွေးအားနည်းရောဂါဖြစ်ပြီး ခန္ဓာကိုယ်တစ်ခုလုံးကို အောက်ဆီဂျင်ပို့လွှတ်ဖို့အတွက် လုံလောက်တဲ့ သွေးနီဥမရှိတော့တာပါ။ ထိုအခါမှာ ဆံပင်ကျွတ်တာတစ်ခုသာမဟုတ်ဘဲ မူးဝေခြင်း၊ အားနည်းခြင်း၊ ခေါင်းကိုက်ခြင်းတို့ပါ ပူးတွဲခံစားလာရနိုင်ပါတယ်။

ဆံပင်ကို တင်းကျပ်နေအောင်စည်းခြင်း

အပြင်သွားခါနီး ပြင်ဆင်ဖို့အချိန်မရှိတဲ့အခါ၊ ဒါမှမဟုတ် အပူအအိုက်သက်သာအောင် ဆံပင်အကုန်လုံးစုစည်းလိုက်တာက အလွယ်ဆုံးနည်းလမ်းတစ်ခုပါပဲ။ ဒါပေမယ့် ဆံပင်ကိုလိုတာထက် အသားကုန် တင်းကြပ်နေအောင် စည်းမယ်ဆိုရင် ဦးရေပြားကိုပါ တအားတင်းလာစေပါတယ်။

အာဟာရချို့တဲ့ခြင်း

ဆံပင်ကို ပရိုတင်းဓာတ်တွေက အားဖြည့်ပေးတာဖြစ်လို့ သန်မာစွာ ပြန်လည်ပေါက်ဖွားလာနိုင်ဖို့အတွက် အစားအသောက်ကိုလည်း သေချာဂရုတစိုက်နဲ့ စားသုံးပါ။

တအားပူတဲ့ ဆံပင်စက်ပစ္စည်းတွေသုံးခြင်း

Photo Source: L’Oréal Paris

ဆံပင်ဖြောင့်တာ၊ ကောက်တာ၊ လေမှုတ်စက်တွေသုံးတာက တစ်ခါတစ်လေဆိုရင် သိပ်ပြီးပြဿနာမရှိပေမယ့် နေ့စဉ်အသုံးပြုမယ်ဆိုရင်တော့ ပြဿနာတွေဖြစ်လာစေနိုင်ပါတယ်။ဒါကြောင့် တတ်နိုင်သမျှ အကြိမ်ရေ နည်းသထက်နည်းအောင် ကြိုးစားပါ။

ကိုယ်အလေးချိန်တအားကျသွားခြင်း

အခုခေတ်မှာတော့ ကိုယ်အလေးချိန်လျော့ကျဖို့အတွက် အသည်းအသန်ကြိုးစားနေကြတယ်ဆိုပေမယ့် ကျန်းမာရေးနဲ့ ညီညွတ်မှုမရှိဘဲ ကိုယ်အလေးချိန်ထိုးကျသွားမယ်ဆိုရင်တော့ အဖက်ဖက်က သက်ရောက်မှုတွေ ခံစားလာရနိုင်ပါတယ်။