အခုနောက်ပိုင်းမှာ အသားဖြူဖို့အတွက် လိမ်းဆေးသောက်ဆေးနဲ့ အလှကုန်ပစ္စည်းမျိုးစုံကို သုံးစွဲလာကြပေမယ့် ဓာတုပစ္စည်းတွေကို အခြေခံတဲ့ ထုတ်ကုန်တွေကို ရေရှည်သုံးစွဲတာက သင့်အသားအရေကို ပိုပြီးပျက်စီးစေနိုင်တယ်ဆိုတာလည်း သတိပြုသင့်ပါတယ်။ ဒါကြောင့် ဒီနေ့မှာတော့ သင့် အသားအရေကို သဘာဝအတိုင်း ဖြူဝင်းတောက်ပလာစေမယ့် အိမ်တွင်းနည်းလမ်းကောင်းတချို့ကို မျှဝေပေးချင်ပါတယ်။

(၁) နေလောင်ဒဏ်ကာ ခရမ်င်လိမ်းပါ

အသားရေကို ညိုမည်းညစ်နွမ်းစေတဲ့အဓိကအချက်တစ်ခုဖြစ်တဲ့ နေရောင်ခြည်ထိတွေ့မှုဒဏ်ကနေ ကာကွယ်ဖို့ နေလောင်ဒဏ်ကာ ခရမ်င်လိမ်း ပုံမှန်လိမ်းပေးရမှာ ဖြစ်ပါတယ်။

အပြင်ထွက်တဲ့အခါ ကိုယ့်အသားရေကို နေရောင်တိုက်ရိုက်မထိစေဖို့ ‌နေလောင်ဒဏ်ကာ ခရမ်င်လိမ်းပေးသင့်သလို နေပူထဲသွားရတော့မယ်ဆိုရင်လည်း ထီး ၊ ဦးထုပ် ၊ နေကာမျက်မှန် နဲ့အင်္ကျီလက်ရှည်တို့ကို လုံလုံခြုံခြုံဝတ်ဆင်ပြီး သွားဖို့ အကြံပြုချင်ပါတယ်။

(၂) အစိုဓာတ်ထိန်းပေးပါ

Moisturizer သို့မဟုတ် facial oil တစ်နေ့ကို နှစ်ကြိမ်ခန့်ပုံမှန်လိမ်းပေးပြီး သင့်အသားအရေကို အစိုဓာတ်ထိန်းပေးဖို့ လိုအပ်ပါတယ်။ အသားရေကို ပုံမှန်အစိုဓာတ်ထိန်းပေးတာဟာ သင့်အသားအရေကို ခြောက်သွေ့ညစ်နွမ်းခြင်းနဲ့ အမာရွတ်တွေဖြစ်ပေါ်ခြင်းကို ကာကွယ်ပေးနိုင်ပြီး အသားရေ ကြည်လင်ဖြူဝင်းစေမှာဖြစ်ပါတယ်။

(၃) သံလွင်ဆီနဲ့ ပျားရည်လိမ်းပေးပါ

အသားရေကို သဘာဝအတိုင်း ကြည်လင်ဝင်းပစေဖို့အတွက် သံလွင်ဆီနဲ့ ပျားရည်ကိုရောစပ်ပြီး နေ့စဉ်လိမ်းပေးနိုင်ပါတယ်။ သံလွင်ဆီ စားပွဲတင်ဇွန်း ၂ ဇွန်းနဲ့ ပျားရည် စားပွဲတင်ဇွန်း တစ်ဇွန်းတို့ကို ရောစပ်ပြီး သင့်မျက်နှာအရေပြားပေါ် ၁၅ မိနစ်ခန့်လိမ်းပြီး ညင်သာစွာ နှိပ်နယ်ပေးရမှာဖြစ်ပါတယ်။

Oily skin သမားတွေအနေနဲ့ သံပုရာရည်အနည်းငယ်ထည့်ပြီး လိမ်းပေးနိုင်ပါတယ်။ ပြီးရင်တော့ ကြက်သီးနွေးရေဖြင့် ဆေးကြောသန့်စင်ပေးပါ။ သဘာဝအတိုင်း ကြည်လင်ဝင်းပတဲ့ အသားရေကို ရရှိစေပါလိမ့်မယ်။

(၄) ကြက်ဥအကာလိမ်းပါ

ကြက်ဥအကာဟာ အသားရေ ဖြူဝင်းကြည်လင်စေဖို့အတွက် အံ့မခန်းပါပဲ။ မျက်နှာအရေပြားပေါ်က ချွေးပေါက်တွေကို ကျဉ်းစေပြီး အသားရေကို တင်းတင်း ရင်းရင်းနဲ့ ဖြူဝင်းတောက်ပစေဖို့ ကြက်ဥအကာက ကူညီပေးနိုင်ပါတယ်။

အသားရေ ဖြူဝင်းချင်သူတွေအနေနဲ့ ကြက်ဥအကာတစ်လုံး ဂျုံမှုန့်အနည်းငယ်တို့ကို ရောစပ်ပြီး မျက်နှာအရေပြားအနှံ့ လိမ်းပေးရမှာ ဖြစ်ပါတယ်။ ဝက်ခြံထွက်သူတွေအနေနဲ့တော့ သံပုရာရည် အနည်းငယ်ရောစပ် လိမ်းပေးနိုင်ပါတယ်။

(၅) မျက်နှာအရေပြားကို ရေနွေးငွေ့ပေးပါ

ဒီနည်းလမ်းက မျက်နှာအရေပြားပေါ်က ချွေးပေါက်တွေကို ပွင့်စေပြီး အသားရေအတွင်းပိုင်းအထိ အညစ်အကြေးတွေကို သန့်စင်ပေးပါလိမ့်မယ်။ ရေနွေးထဲကို သံပုရာသီးတစ်စိပ်လောက်ထည့် ပြုတ်ပေးမယ်ဆိုရင် ပိုကောင်းပါတယ်။

သံပုရာသီးမှာ ဗီတာမင် C ပါဝင်တဲ့အတွက် သင့်အသားရေကို ဖြူဝင်းတောက်ပစေမှာမလို့ပါ။ သံပုရာသီးထည့်ပြုတ်ထားတဲ့ ရေနွေးနဲ့ မျက်နှာကို မိနစ်အနည်းငယ်လောက် ရေနွေးငွေ့ပေးပြီး နူးညံ့တဲ့မျက်နှာသုတ်ပဝါနဲ့ ခြောက်အောင်သုတ်လိုက်ရုံပါပဲ။