အသားအရေတွေ လျော့တွဲလာလို့ စိတ်ညစ်နေတာလား ? အသားအရေတွေလျော့တွဲလာတာက အသက်အရွယ်ကြီးလာတာကြောင့်လည်းဖြစ်သလို တခြားအကြောင်းရင်းတွေလည်း ရှိနိုင်ပါတယ်။ အသားအရေကို တင်းတင်းရင်းရင်းနဲ့ ငယ်ရွယ်နုပျိုတဲ့ တောက်ပမှုကို ပြန်လိုချင်ရင် ဒီနည်းလမ်းတွေကို လုပ်ကြည့်ပါ။ ဒီနည်းလမ်း ( ၅ ) ခုက က သင့်အသားအရေကို တင်းရင်းစေဖို့ ကူညီပေးနိုင်ပါတယ်။

ဒါတွေကတော့ အသားအရေကို တင်းရင်းစေမယ့် အိမ်တွင်းကုထုံးတချို့ပါ။

Oils

Argan oil က အသားအရေကို ရေဓာတ်ဖြည့်တင်းပေးပြီး နုပျိုတဲ့အသွင်ကို ရရှိစေသလို ဗာဒံဆီက အသားအရေကို နူးညံ့စေပြီး ခရမ်းလွန်ရောင်ခြည်ကြောင့် အရေပြားပျက်စီးခြင်းကို ကာကွယ်ပေးပါတယ်။ အဆီတစ်ခုခုမသုံးခင် အရေပြားကို သန့်စင်ပြီး ခြောက်အောင်ထားပါ။ လုံလောက်တဲ့ အဆီပမာဏကို လက်ထဲယူပြီး နှိပ်ပေးရင်း နှံ့စပ်အောင် လိမ်းပေးပါ။ ဆီကို ညအိပ်ခါနီးလိမ်းပြီး အိပ်ယာထတဲ့အခါ ကြက်သီးနွေးရေနဲ့ ဆေးချပါ။

ငှက်ပျောသီး

ပိုတက်စီယမ်၊ ဗီတာမင်နဲ့ သဘာဝအဆီတွေ ကြွယ်ဝတဲ့ ဌက်ပျောသီးက အရေးအကြောင်းတွေကို လျော့စေပြီး အသားအရေကို တင်းရင်းစေပါတယ်။ ဌက်ပျောသီးအမှည့်တစ်လုံးကိုကြိတ်ချေပြီး မျက်နှာပေါ်လိမ်းပေးပါ။ 15-20 မိနစ်လောက်ထားပြီးမှ ကြက်သီးနွေးရေသုံးပြီးဆေးပေးပါ။

သခွားသီး

သခွားသီးက ရေဓာတ်ကိုထိန်းပေးပြီး အသားအရေကို တင်းရင်းစေပါတယ်။ သခွားသီးကို အခွံခွာပြီး Blender ထဲထည့်ဖျော်လိုက်ပါ။ ဖျော်ထားတဲ့ဖျော်ရည်ကို ဂွမ်းလုံးလေးနဲ့ယူပြီး အရေပြားပေါ် လိမ်းပေးပါ။ 15-20 မိနစ်ကြာပြီးမှ ရေဆေးချပါ။

ရှားစောင်းလက်ပတ်

ရှားစောင်းလက်ပတ်မှာပါတဲ့ ဂျယ်လ်က အသားအရေတင်းရင်းမှုကို မြှင့်တင်ပေးနိုင်ပါတယ်။ ရှားစောင်းလက်ပတ်မှဂျယ်လ်ကိုယူပြီး အရေပြားပေါ်လိမ်းပေးပါ။ 15-20 မိနစ်ကြာပြီးရင် ရေဆေးချပါ။

ပျားရည်

ပျားရည်က အရေးအကြောင်းတွေကို ဖယ်ရှားပေးနိုင်တဲ့အစွမ်းရှိတာမလို့ အသားအရေတင်းရင်းဖို့အတွက် သုံးလို့ရပါတယ်။ ပန်းကန်တလုံးထဲ ပျားရည်ထည့်ပြီး ရေနည်းနည်းထည့်ပါ။ အရေးအကြောင်းရှိတဲ့နေရာကို လိမ်းပြီး 15-20 မိနစ်လောက်ထားပေးပါ။ ပြီးမှ ကြက်သီးနွေးရေနဲ့ ဆေးကြောပါ။