သင်ဟာ စိတ်ဓာတ်ကြံ့ခိုင်တဲ့သူတစ်ယောက်လား။ ကိုယ့်ကိုကိုယ် စိတ်ဓာတ်ကြံ့ခိုင်တဲ့သူတစ်ယောက် ဟုတ်မဟုတ် ဘယ်လိုသိနိုင်မလဲဆိုတာကို မျှဝေပေးချင်ပါတယ်။
၁။ သူတို့ဟာ ပွင့်လင်းကြတယ်
စိတ်ဓာတ်ကြံ့ခိုင်တဲ့သူတွေဟာ ပွင့်လင်း ရိုးသားကြပါတယ်။ သူတို့ရဲ့ ခံစားချက်တွေ ထင်မြင်ချက်တွေကို ပွင့်ပွင့်လင်းလင်းပြောတတ်တဲ့သူတွေဖြစ်ပါတယ်။
၂။ အကောင်းဖက်က မြင်တတ်တဲ့စိတ်ရှိတယ်
စိတ်ဓာတ်မာကြောတဲ့သူတွေဟာ ကမ္ဘာကြီးကို အကောင်းဖက်ကမြင်တတ်တဲ့သဘောထားရှိပါတယ်။ လူတစ်ယောက်ကိုလည်း အမြဲတမ်းအဆိုးဖက်ကမမြင်ဘဲ အကောင်းဖက်က မြင်ပေးတတ်ကြပါတယ်။
၃။ စိတ်ခံစားချက်ကို ထိန်းချုပ်နိုင်တယ်
သူတို့တွေဟာ အလွယ်တကူ စိတ်ဆိုးဒေါသထွက်လွယ်တဲ့သူတွေမဟုတ်ကြပါဘူး။ သူတို့ရဲ့ စိတ်ခံစားချက်ကို ထိန်းချုပ်နိုင်တဲ့သူတွေပါ။ ညှိရတာလည်းလွယ်ပါတယ်။
၄။ တခြားသူတွေကို အားပေးတတ်တယ်
စိတ်ဓာတ်ကြံ့ခိုင်တဲ့သူတွေဟာ တခြားသူတွေ အားငယ်တဲ့အခါ အမြဲတမ်းအားပေးတတ်ပြီး သူတို့ပြောစကားတွေကို နားထောင်ပေးတတ်ကြပါတယ်။
၅။ မလျှော့သောဇွဲရှိသူတွေ
သူတို့တွေဟာ တစ်ခုခု မအောင်မြင်တာမျိုး ကြုံတွေ့ရတဲ့အခါ အားမလျှော့ဘဲ မလျှော့သောဇွဲနဲ့ ကြိုးစားတတ်ကြတဲ့သူတွေဖြစ်ပါတယ်။ ဘယ်လိုအခက်ခဲတွေပဲရှိရှိ ကြံ့ကြံ့ခိုင်နိုင်တဲ့သူတွေဖြစ်ပါတယ်။