လူတွေက ကိုယ့်ရဲ့မပြည့်စုံမှုတွေအတွက် မလုံမလဲဖြစ်တတ်ကြပါတယ်။ တစ်ခါတစ်လေ အဲဒီမပြည့်စုံမှုတွေကပဲ သင့်ကို ထူးခြားသူတွေ ဖြစ်စေတတ်ပါတယ်။ ကိုယ့်ရဲ့မပြည့်စုံမှုတွေအတိုင်း နေထိုင်ခြင်းက ကိုယ့်ကိုယ်ကိုယ် ချစ်မြတ်နိုးတဲ့ အကောင်းဆုံးနည်းလမ်းပါပဲ။ ဒီနေ့မှာတော့ လူတွေကို ပိုပြီးဆွဲဆောင်မှုရှိစေတဲ့ တစ်ချို့သော ပျော့ကွက်တွေ အားနည်းချက်တွေအကြောင်း ပြောပြပေးသွားမှာပါ။

အစွဲအလမ်းကြီးခြင်း

အစွဲအလန်းလွမ်းခြင်းက သင့်ကျန်းမာရေးနဲ့ Relationship အတွက် ကောင်းတဲ့အရာတစ်ခုမဟုတ်ပါဘူး။ ဒါပေမယ့် တစ်ဖက်မှာတော့ စွဲလမ်းခြင်းဟာ စွမ်းအားတစ်ခုလိုဖြစ်နေပါတယ်။ အစွဲအလမ်းကြီးတဲ့လူတွေဟာ တစ်စုံတစ်ခုလုပ်မယ်ဆိုရင် မဖြစ်ဖြစ်အောင်လုပ်တတ်ကြတယ်။ ဒါက သင့်အောင်မြင်မှုအတွက် ကောင်းတဲ့အရာတစ်ခုပါပဲ။

အတင်းပြောခြင်း

လူအများစုကတော့ အတင်းပြောတာကို မကြိုက်ကြပါဘူး။ တကယ်လည်း တစ်ချို့လူတွေပြောကြတဲ့ အတင်းစကားတွေက တစ်ဖက်လူတွေကို မခံမရပ်နိုင်ဖြစ်စေပါတယ်။ ဒါပေမယ့် ကျွမ်းကျင်သူတွေရဲ့ အဆိုအရ အတင်းပြောခြင်းက တချို့လူတွေကို မကောင်းတဲ့လူတွေနဲ့ မကောင်းတဲ့အခြေအနေတွေကနေ သတိပေးသလို ဖြစ်စေပြီး ကောင်းကျိုးခံစားရစေနိုင်တယ်လို့ သိရပါတယ်။

ရင်ဖွင့်လွယ်တာ

သင့်အနေနဲ့ မယုံကြည်ရတဲ့လူတစ်ချို့ထံမှာ သွားပြီးရင်ဖွင့်လိုက်မိတဲ့အခါ အမှားတွေဖြစ်တတ်ပါတယ်။ ဒါပေမယ့် လူတွေနဲ့ ရင်းနှီးချစ်ခင်မှုတွေ တည်ဆောက်ဖို့ဆိုရင်တော့ ရင်ဖွင့်တာ မမှားပါဘူး။ ရင်ဖွင့်ခြင်းအားဖြင့် သင်နဲ့ အခြားသူရဲ့ ဆက်ဆံရေးကို တိုးတက်စေပါတယ်။

ကိုယ်ကိုယ်တိုင်အတွက် ရပ်တည်တာ

တစ်ခါတစ်လေမှာ သင်က လူအသစ်တွေနဲ့ တွေ့ဆုံရမှာ၊ အလုပ်သစ်တစ်ခုပြောင်းရမှာ၊ တခြားမြို့ကိုပြောင်းရမှာ မကြိုက်တတ်ပါဘူး။ ဘာလို့ဆို သင်က သင့်ကိုယ်သင် ဦးစားပေးလို့ပါ။ သင့်ဘဝမှာ သင့်အချိန်က တန်ဖိုးရှိပါတယ်။ ဒါကြောင့် လူတစ်ယောက်က (သို့) အရာတစ်ခုက သင်အချိန်ပေးဖို့ မထိုက်တန်ဘူးဆိုရင် တစ်ကိုယ်ကောင်းဆန်လိုက်ပါ။

ကိုယ်ကျိုးအတွက်လူတွေအပေါ် မှီခိုတာ

တစ်စုံတစ်ယောက်ရဲ့ အခင်ဆုံးသူငယ်ချင်းဖြစ်ရတာ ကောင်းပါတယ်။ ဒါပေမယ့် ပိုကောင်းတာက သင်ယုံကြည်တဲ့အရာအတွက် သင့်ကို ထောက်ခံအားပေးတဲ့သူရှိနေခြင်းပါပဲ။ လူတွေက အကူအညီတောင်းရင် အားနည်းတယ်အထင်ခံရမှာစိုးလို့ မတောင်းကြပါဘူး။ တကယ်တော့ အဲဒီလို အကူအညီတောင်းခံရဲတာကပဲ သတ္တိပါပဲ။ အရာအားလုံးလုပ်ဆောင်ပေးဖို့တော့ မဟုတ်ဘူးပေါ့။ ဒါပေမယ့် သင် လိုအပ်တဲ့အကူအညီတွေကို ပေးမယ့်သူတွေရှိနေရင် အဆင်ပြေပါပြီ။

အလုပ်ကိုအေးအေးဆေးဆေးလုပ်တတ်ခြင်း

အခုခေတ်မှာ လူတွေက အရာရာတိုင်းကို လျင်လျင်မြန်မြန်လုပ်နေကြပါတယ်။ တကယ်တော့ သင်က တခုခုလုပ်မယ်ဆိုရင် နှေးနှေးပဲလုပ်ဆောင်ရင်းနဲ့ သင့်ဘဝကို ဖြတ်သန်းလို့ ရပါတယ်။ လူအနည်းငယ်ကို စကားပြောမယ်။ တချို့သော အလုပ်တွေလုပ်မယ်။ သင့်ရည်မှန်းချက်တွေအတွက် အကောင်းဆုံးလုပ်ဆောင်မယ်။ သင့်ဘဝတိုးတက်ဖို့အတွက် အရေအတွက်ထက် အရည်အသွေးကို ဦးစားပေးသင့်ပါတယ်။