ဒူးနာနေရင် လေ့ကျင့်ခန်းလုပ်တဲ့အခါ အခန့်မသင့်ရင် ပိုနာတာမျိုး ဖြစ်တတ်ပါတယ်။ ဒါကြောင့် သေချာဂရုစိုက်ပေးဖို့ လိုပါတယ်။ ဒူးနာနေပေမယ့် လေ့ကျင့်ခန်းလုပ်ချင်တယ်ဆိုတဲ့ သူတွေအတွက် ရှောင်သင့်တဲ့ လေ့ကျင့်ခန်းတွေနဲ့ အစားထိုးလုပ်ပေးရမယ့် လေ့ကျင့်ခန်းတွေကို ဖော်ပြပေးလိုက်ပါတယ်။

စက်နဲ့ပြေးတာ

စက်နဲ့ပြေးတာက ဒူးနာတာ ပိုဆိုးစေပါတယ်။ ဒါကြောင့် ဒူးနာနေရင် စက်နဲ့ပြေးတာကို ရှောင်ပါ။ အဲ့ဒီအစား စက်နဲ့ လမ်းလျှောက်တဲ့ လေ့ကျင့်ခန်းကို အစားထိုးလုပ်ပေးလို့ ရပါတယ်။

Kickback

Kickback လုပ်တဲ့အခါမှာ ဒူးနာနေတဲ့သူတွေက ကြမ်းမှာ ဒူးထောက်ပြီးလုပ်တာမျိုးကို ရှောင်ရပါမယ်။ အဲ့ဒီအစား ဒုတိယပုံမှာပြထားသလို ခုံကိုအသုံးပြုပြီး အစားထိုးလုပ်ပေးလို့ ရပါတယ်။

Lunges

Lunges လုပ်တာကလည်း အခန့်မသင့်ရင် ဒူးပိုနာတာမျိုး ဖြစ်စေပါတယ်။ ဒူးအရမ်းနာနေတဲ့အခါမှာဆို လုပ်လို့အဆင်မပြေတဲ့အတွက် ရှောင်ရပါမယ်။ အဲ့အစား ဒုတိယပုံမှာပြထားသလို bridges လေ့ကျင့်ခန်းကို အစားထိုးလုပ်ပေးလို့ ရပါတယ်။

Knee push-ups

Knee push-ups လုပ်တာက ဒူးထောက်ပြီး အားထည့်လုပ်ရတာဖြစ်လို့ ဒူးနာနေရင် လုံးဝအဆင်မပြေပါဘူး။ ဒူးပိုနာစေတဲ့အတွက် ရှောင်ရမယ့် လေ့ကျင့်ခန်းပါ။ အဲ့အစား ဒုတိယပုံမှာပြထားသလို နံရံကို လက်ထောက်ပြီးလုပ်တဲ့ လေ့ကျင့်ခန်းကို အစားထိုးလုပ်ပေးလို့ ရပါတယ်။

နောက်တစ်မျိုး အစားထိုးလုပ်လို့ရတာကတော့ ဒုတိယပုံမှာပြထားသလို ဘောလုံးနဲ့လုပ်လို့ရပါတယ်။

Jumping

ဒူးနာနေရင် ခုန်ပြီးလုပ်ရတဲ့ jumping လေ့ကျင့်ခန်းတွေကလည်း အဆင်မပြေပါဘူး။ ဒါကြောင့် ဒုတိယပုံမှာ ပြထားတဲ့အတိုင်း လက်နှစ်ဖက်ကို မြှောက်ထားပြီး ခြေထောက်တစ်ဖက်ကို နည်းနည်းကားလိုက်၊ ပြန်စိလိုက်နဲ့ပဲ လုပ်ပေးပါ။

Squats

ဒူးနာနေရင် squats ထိုင်ဖို့ကလည်း အဆင်မပြေပါဘူး။ ဒါကြောင့် ပုံမှန်အတိုင်း squats ထိုင်တာမျိုးကို ရှောင်ပေးပါ။ အဲ့ဒီအစား နံရံမှာကပ်ပြီး ဒုတိယပုံမှာ လုပ်ပြထားသလို အစားထိုးလုပ်ပေးလို့ ရပါတယ်။