အားလုံးပဲမဂ်လာပါနော်… မိတ်ကပ်တွေလိမ်းခြင်းက မိန်းကလေးတစ်ယောက်ကို ပိုပြီးလှပသွားအောင်စွမ်းဆောင်ပေးနိုင်တယ်ဆိုပေမယ့်လည်း အမြဲတမ်း မိတ်ကပ်လိမ်းတာကတော့ အသားအရေအတွက်တကယ်မကောင်းပါဘူးနော်။ တစ်ခါတစ်လေမှာ မျက်နှာအရေပြားတွေဟာ မိတ်ကပ်တွေမရှိပဲ သဘာဝအတိုင်းနေဖို့ လိုအပ်ပါတယ်။ မိတ်ကပ်အမြဲတမ်းလိမ်းတဲ့သူတွေရဲ့အသားအရေဟာ ဘယ်လိုဆိုးကျိုးတွေနဲ့ ကြုံတွေ့လာရမလဲဆိုတာကိုပြောပြပေးချင်ပါတယ်နော်။

ကဲ..Mystyle ပရိတ်သတ်ကြီးလည်း အခုလိုပူအိုက်တဲ့ရာသီမှာ အမြဲမိတ်ကပ်လိမ်းမယ့်အစား အသားအရေမပျက်စီးဖို့အတွက် သဘာဝသနပ်ခါးအေးအေးလေးလိမ်းပေးကြပါနော်.

မျက်နှာအသားအရေပိုပျက်စီးထိခိုက်လွယ်ခြင်း

မိတ်ကပ်ကိုအလွယ်တကူဖျက်ပြီး မအိပ်လိုက်ပါနဲ့။ ပြီးစလွယ်လေး wet tissue လေးနဲ့သန့်ရှင်းလိုက်တာ ဒါမှမဟုတ် make up removal လေးသုံးပြီး မျက်နှာမသစ်ပဲ အိပ်လိုက်တာတွေ လုပ်ကြခြင်းဖြင့် မျက်နှာအသားအရေကို ပိုထိခိုက်စေတဲ့အကြောင်းအရင်းဖြစ်ပြီး မျက်နှာအသားအရေကို ပိုထိခိုက်ပျက်စီးလွယ်စေပါတယ်။ ဒါကြောင့် ညမအိပ်ခင်မှာ မိတ်ကပ်သေချာဖျက်ပြီး မျက်နှာသေချာသစ်သင့်ပါတယ်။ အဲဒီလိုလုပ်ပြီးရင် ပျက်စီးသွားတဲ့အသားအရေအတွက် moisturizer လိမ်းတာ၊ night cream လိမ်းပြီးအိပ်တာမျိုးတွေ ပြုလုပ်ပေးသင့်ပါတယ်နော်။

ဝက်ခြံ ၊ဆားဝက်ခြံထွက်ခြင်း

အမြဲတမ်းလိုလို မိတ်ကပ်လိမ်းတဲ့သူတွေအနေနဲ့ မျက်နှာကိုသေချာသန့်စင်ပေးဖို့ လိုအပ်ပါတယ်။ တကယ်လို့ မျက်နှာကိုသေချာမသန့်စင်ဘူးဆိုရင် မိတ်ကပ်တွေနဲ့ အဆီအညစ်ကြေးတွေဟာ ချွေးပေါက်တွေထဲကို ဝင်ရောက်ပိတ်ဆို့ပြီး ဆားဝက်ခြံတွေဖြစ်တာတွေ ဝက်ခြံတွေထွက်တာမျိုး ဖြစ်လာတတ်တဲ့အတွက် အိမ်ပြန်ရောက်ရင် မျက်နှာကို သေချာသန့်စင်ပေးပြီး ဂရုစိုက်ပေးဖို့ လိုအပ်ပါတယ်နော်။

အသားအရေခြောက်သွေ့လာခြင်း

မိတ်ကပ်လိမ်းတဲ့အခါ မျက်နှာကိုအမြဲပွတ်တာဆွဲတာမျိုးတွေလုပ်ရတတ်တဲ့အတွက် အသားအရေကို တဖြည်းဖြည်းပါးလာစေတတ်ပါတယ်။ နောက်ပြီး မိတ်ကပ်ဖျက်ဆေးတွေ ကိုသုံးရတဲ့အတွက်လည်း မျက်နှာပေါ်ကသဘာဝကပေးထားတဲ့ အဆီတွေပါ ပါသွားတတ်တဲ့အတွက် အသားအရေကို ပိုမိုခြောက်သွေ့လာစေပါတယ်။ ခြောက်သွေ့တဲ့အသားအရေဟာ ပိုပြီးပျက်စီးထိခိုက်လွယ်မှုတွေ ဖြစ်တတ်လာတာပါပဲ။

Source;Brightsideme.com