ဘဝအတွေ့အကြုံတွေက အချစ်ဆိုတဲ့ အနက်ရှိုင်းဆုံးနဲ့ထင်ရှားတဲ့ ခံစားချက်အကြောင်းအများကြီး ပြောပြနိုင်ပါတယ်။ Relationship တစ်ခုကို နှစ်ပေါင်းများစွာ ထိန်းသိမ်းဖို့က ခက်ခဲတာမှန်ပေမယ့် တစ်ချို့ရိုးရှင်းတဲ့ အချက်တွေက Relationship ကြာရှည်ခိုင်မြဲအောင် စွမ်းဆောင်နိုင်စွမ်းရှိပါတယ်။

အမြဲတမ်းအဖွဲ့ဖြစ်နေရမယ်

အခြေအနေတွေက ကောင်းသည်ဖြစ်စေ ဆိုးဝါးသည်ဖြစ်စေ နှစ်ယောက်သားအတူတကွ ဖြေရှင်းရပါမယ်။ ဒါက သင့်ရဲ့အမြင်ကို ပြောင်းလဲဖို့လိုအပ်တယ် ဆိုတာကို ဆိုလိုခြင်းလည်းဖြစ်ပါတယ်။ အရာရာတိုင်းကို တစ်ယောက်ထဲအမြင်နဲ့မကြည့်ဘဲ စုံတွဲအနေနဲ့ ရှုမြင်ဖို့လိုအပ်ပါတယ်။

ပျော်ပျော်နေဖို့ကြိုးစားပါ

အတူတူရယ်မောပျော်ရွှင်ခြင်းက ခက်ခဲတဲ့အချိန်တွေမှာ ကျော်ဖြတ်နိုင်အောင် ကူညီပေးပါတယ်။ ပြီးတော့ Relationship ကိုလည်း ခိုင်မြဲစေပါတယ်။ နှစ်ယောက်သားအတူတူ ပျော်ရွှင်ဖွယ်ရာတွေကို ဖန်တီးယူကြဖို့လိုအပ်ပါတယ်။

စကားများတာက ပုံမှန်ပါပဲ

နှစ်ယောက်ကြားမှာ တင်းမာမှုတွေက ရှောင်လွဲလို့မရပါဘူး။ ဒီလိုအချိန်မှာ သင့်ပါတနာရဲ့အမြင်ကို နားလည်အောင်ကြိုးစားပြီး လက်ခံသင့်တာကို လက်ခံရပါတယ်။ ကိုယ့်ရဲ့ဒေါသစိတ်ကြောင့် တန်ဖိုးရှိတဲ့ Relationship တခုကို အပျက်အစီးမခံပါနဲ့။ အပြန်အလှန်လေးစားမှုဆိုတာ လိုအပ်ပါတယ်။

Comfort Zone ကို ထားခဲ့ပါ

စိန်ခေါ်မှုတွေရင်ဆိုင်ဖို့အတွက် Comfort Zone ကို ထားခဲ့လိုက်ပါ။ နှစ်ယောက်တူတူ မလုပ်ဖူးတဲ့ အရာတခုခု (သို့) သင်တို့ကို အံ့သြသွားစေမယ့် အရာတခုခုကို လုပ်ကြည့်ပါ။ ဒီလိုလုပ်ခြင်းဖြင့် သင်တို့နှစ်ယောက်ကြားက သံယောဇဉ်က ပိုမိုခိုင်မာသွားစေပါတယ်။

စိန်က အရေးမကြီးဘူး

ကိုယ်ချစ်ရတဲ့သူဆီကရတဲ့ ဘယ်လိုလက်ဆောင်ပဲဖြစ်ဖြစ် တန်ဖိုးရှိပါတယ်။ ဈေးနှုန်းက အဓိကမဟုတ်ပါဘူး။ တကယ်နှလုံးသားထဲက ပေးချင်တဲ့စိတ်ဆန္ဒကသာ အရေးကြီးတာပါ။ လက်ဆောင်က လက်ဆောင်ပါပဲ။ ဒါပေမယ့် ခံစားချက်က မတူညီကြဘူး။

တစ်ယောက်အပေါ်တစ်ယောက် ဂရုစိုက်ပါ

အခြားလူတစ်ယောက်ယောက်ကို ချစ်ရတယ်ဆိုတာ ကိုယ့်ရဲ့အစိတ်အပိုင်းတစ်ခုကို ပေးပစ်လိုက်ရသလိုပါပဲ။ ဒါကတော့ ဂရုစိုက်ခြင်းပဲဖြစ်ပါတယ်။ ကိုယ်တန်ဖိုးထားပြီး ချစ်ရတဲ့သူအပေါ် ဂရုစိုက်ဖို့ လိုအပ်သလို သူလိုအပ်နေတာကိုလည်း အတတ်နိုင်ဆုံး ဖြည့်ဆည်းပေးဖို့ လိုအပ်ပါတယ်။