အခုလို အရာရာ အွန်လိုင်းဖြစ်နေတဲ့ခေတ်မှာ ချစ်သူရည်းစားရှာတာကအစ Online ပေါ်က ဝန်ဆောင်မှုတွေ သုံးလာကြပြီ ဖြစ်ပါတယ်။ ဖုန်းတစ်လုံး ရှိသူတိုင်း Online Dating Apps တွေ သုံးပြီး ကြင်ဖော်ရှာနိုင်တဲ့ ခေတ်မှာ အွန်လိုင်းကနေ ချစ်သူရှာသူတို့အတွက် အကြံပြုချက်တချို့ မျှဝေပေးချင်ပါတယ်။

(၁) ရိုးသားမှုရှိပါ

အရင်ဆုံး ပြောချင်တာက ကိုယ့်ရဲ့ Online Dating Profile မှာ ကိုယ့်အကြောင်းကို အမှန်အတိုင်း ပြောထားဖို့ပါပဲ။ ဘဝလက်တွဲဖို့အတွက် စဉ်းစားပြီး Online Dating သုံးတယ်ဆိုရင် အစကတည်းက ရိုးသားမှုနဲ့ စတင်တာ အကောင်းဆုံး ဖြစ်ပါတယ်။ ဒါမှလည်း ကိုယ်နဲ့ လက်တွဲလာမယ့် ချစ်သူရော ကိုယ်ပါ လိပ်ပြာသန့်သန့်နဲ့ ရှေ့ခရီးဆက်နိုင်မှာ ဖြစ်ပါတယ်။

(၂) ကိုယ့်အရင်းနှီးဆုံး မိသားစုဝင်တွေနဲ့ မိတ်ဆွေတွေကို ဖွင့်ပြောထားပါ

အပြင်မှာ ချစ်သူရည်းစားဖြစ်သွားကြသူတွေလိုမျိုး အွန်လိုင်းပေါ်က ကိုယ့်ရဲ့ အချစ်ရေးအကြောင်းလည်း ကိုယ်ယုံကြည်ရတဲ့ သူငယ်ချင်းနဲ့ မိသားစုဝင်တွေနဲ့ တိုင်ပင်ပါ။ ကိုယ့်ရဲ့လက်ရှိအချစ်ရေးအနေအထားလည်း သူတို့ကို ဖွင့်ပြောထားပါ။ သူတို့ဆီက အကြံကောင်း ဉာဏ်ကောင်းတွေလည်း တောင်းပါ။ တစ်ခုခုဆို သူတို့ရဲ့ အကြံဉာဏ်က အသုံးဝင်ပါလိမ့်မယ်။

(၃) ငွေကြေးကိစ္စတွေ သတိရှိပါ

အွန်လိုင်းပေါ်က အချစ်ရေးကိစ္စတွေဆိုတာ အများကြီး သတိထားနိုင်မှ တန်ကာကျပါလိမ့်မယ်။ တချို့ Partner တွေက ပိုက်ဆံကိစ္စတွေပါ လာနွှယ်ပြီး ရှုပ်တတ်လို့ ဖြစ်ပါတယ်။ ကိုယ်နဲ့ အပြင်မှာ တကယ်မသိတဲ့ လူတွေနဲ့ ဆက်ဆံရေးတစ်ခု တည်ဆောက်တော့မယ်ဆိုရင် ကိုယ့်ဘက်က အစစအရာရာ သတိရှိမှ ဖြစ်မယ်ဆိုတာ သိထားပါ။

ဘာအကြောင်းနဲ့ဖြစ်ဖြစ် ငွေကြေးကိစ္စတွေ ပါလာပြီဆိုရင် အဲ့ဒီဆက်ဆံရေးက မကောင်းတဲ့ အငွေ့အသက်တစ်ခုခုတော့ ပါလာပြီဆိုတာ သတိရှိထားပါ။ ရှင်းရှင်းပြောရရင် Online Dating က တွေ့တဲ့သူတစ်ယောက်ယောက် ကိုယ့်ကို ငွေစကား လာပြောရင် အဲဒီ Relationship ကို အဆက်ဖြတ်လိုက်ပါလို့ အကြံပေးချင်ပါတယ်။