လူတွေနဲ့ ပေါင်းသင်းဆက်ဆံရတာဟာ လွယ်တဲ့ကိစ္စတော့ မဟုတ်ပါဘူး။ ပေါင်းရသင်းရလွယ်တဲ့သူတွေရှိသလို ပေါင်းသင်းရခက်သူတွေလည်း လောကမှာအများကြီးရှိပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် လူ့လောကမှာနေထိုင်မယ်ဆိုရင် ပေါင်းတက်သင်းတက်ဖို့က အဓိကလိုချက်တစ်ခုဖြစ်တာကြောင့် လူတွေနဲ့ ပြောဆိုဆက်ဆံရတဲ့အခါမှာ သိထားသင့်တဲ့ အခြေခံသဘောတရားလေးတွေကို ပြောပြပေးချင်ပါတယ်။

(၁) အော်ငေါက်ပြောဆိုခြင်းကို မကြိုက်ကြောင်း ထုတ်ပြောပါ

သင့်ကို တစ်ယောက်ယောက်က အော်ငေါက်တဲ့အခါ မကြိုက်ကြောင်း ထုတ်ပြောပါ။ အော်ငေါက်သူတွေဟာ သင့်ရဲ့သူဌေး ဖြစ်ချင်ဖြစ်ပါလိမ့်မယ် သို့သော် ဆိုးဆိုးရွားရွား မတုံ့ပြန်လိုက်ပါနဲ့။ သူတို့ မင်းကို ပြောဆိုဆက်ဆံပုံကို မကြိုက်ကြောင်း ထုတ်ပြောလိုက်ပါ။ “ဒေါသထွက်နေတာကို နားလည်ပါတယ်။ ဒါပေမယ့် ဒီလိုအော်ငေါက်နေတာက အဆင်မပြေပါဘူး” စသဖြင့် ယဉ်ကျေးစွာ ပြောပြတတ်ဖို့ လိုအပ်ပါတယ်။

(၂) ကျေးဇူးတင်စကားဆိုပါ

လုပ်ပြီးသား အလုပ်တစ်ခုက အဆင်မပြေလို့ ပြန်လုပ်ရတယ်ဆိုတာ လူတိုင်းမနှစ်သက်တဲ့ အရာတစ်ခုပါ။ အကယ်၍ သင့်ရဲ့လုပ်ဖော်ကိုင်ဖက်ကို သူလုပ်ပြီးသားအလုပ်တစ်ခု အစကနေ ပြန်ပြင်လုပ်ခိုင်းရမယ်ဆိုရင် ပြောရခတ်ခဲတဲ့ အခြေအနေတစ်ခုပါပဲ။ ဒီလိုအခြေအနေမျိုးမှာ သင့်အနေနဲ့ သူ့ကို ကျေးဇူးတင်စကားအရင်ဆိုရပါမယ်။

“ကူညီလုပ်ကိုင်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်၊ ဒီတစ်ခုကို ဒီထက်ပိုကောင်းအောင် လုပ်ရအောင်” စသဖြင့် စကားချိုချိုလေးတွေ ပြောပေးခြင်းက ပိုပြီးထိရောက်ပါလိမ့်မယ်။

(၃) နားလည်ကြောင်း ဖော်ပြပေးပါ

တင်းမာတဲ့ အခြေအနေကို လျော့ချပေးဖို့ရာ တစ်ဖက်လူရဲ့ စိတ်ကို အရင်ငြိမ်သက်အောင် လုပ်ပေးပါ။ ပြီးလျှင် မျှဝေခံစားခြင်း နည်းလမ်းကို အသုံးချပါ။ သူနဲ့ ပတ်သတ်တဲ့ အကြောင်းကို စဉ်းစားပါ။ အဆုံးသတ်မှာ မလွယ်ကူဘူး ဆိုတဲ့ အကြောင်းကို ပြောပြလိုက်ပါ။

ဥပမာ – သင့်ရဲ့မိတ်ဆွေတစ်ဦးက ကုမ္ပဏီမှ ချမှတ်လိုက်သော စည်းမျဉ်းအသစ်တွေကို ဒေါသထွက်နေမယ်ဆိုရင် သင့်အနေနဲ့ ကုမ္ပဏီကြီးတစ်ခုရဲ့ မန်နေဂျာတစ်ဦးဖြစ်ရတာထင်သလောက် မလွယ်ကူကြောင်း နားလည်အောင်ပြောပေးပါ။ ပြီးတော့ သူ့ဆီမှာရှိတဲ့ ပြောစရာအကြောင်းအရာတွေကို ထပ်မေးပါ။

(၄) စကားအပြောဆို နူးညံ့မှုရှိပါ

တခုခု ကိုယ် အလိုရှိတိုင်း တဘက်လူကို တွန်အားမပေးပါနဲ့။ ကိုယ်ဘက်ပါလာအောင် နူးညံ့သိပ်မွေ့စွာ ချဉ်းကပ်တတ်ဖို့ လိုအပ်ပါတယ်။ ဥပမာ – သင်က အဝတ်စားအသစ် သွားဝယ်ဖို့ သူငယ်ချင်းကို အဖော်ခေါ်ချင်တယ် ဆိုပါတော့ သို့ပေမယ့် သူငယ်ချင်းလုပ်တဲ့သူက ပျင်းနေမယ် အဖော်လိုက်ပေးချင်စိတ်ရှိမနေဘူးဆိုရင် “အဝတ်စားဝယ်မယ်ဆိုရင် ငါက ငါ့အတွက်ငါ မရွေးတတ်ဘူး ၊ နင်က အဝတ်စားရွေးတဲ့နေရာမှာ သိပ်တော်တယ်လေ နင်ငါနဲ့ လိုက်ခဲ့ရင် အရမ်းကောင်းမှာပဲ” စတဲ့ နူးညံ့ပြီး ချီးကျူးသံပါတဲ့ စကားလုံးတွေကို သုံးပေးမယ်ဆိုရင် အဆင်ပြေသွားပါလိမ့်မယ်။

(၅) ဝေဖန်မယ့်အစား ပွင့်ပွင့်လင်းလင်း ဆွေးနွေးကြည့်ပါ

တစ်ခုခုလုပ်တာ မှားနေတယ် ဆိုရင်တောင်မှ ပြစ်တင်ဝေဖန်ခြင်းဟာ အကောင်းဆုံး ဖြေရှင်းနည်းတစ်ခု မဟုတ်ပါဘူး။ ဝေဖန်ခြင်းထက် အပြုသဘောဆောင်တဲ့ ပြောဆိုပုံနည်းလမ်း ရှိပါသေးတယ်။ “မှန်ပါတယ်။ အော်ဟစ်မနေဘဲနဲ့ ငါအမှားတွေအကြောင်း ပွင့်ပွင့်လင်းလင်း ဆွေးနွေးချင်တယ်။” စသဖြင့် ပြောဆိုပေးပါ။