ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေးကြောင့် တစ်ကမ္ဘာလုံးမှာ လူသန်းပေါင်းများစွာ အလုပ်အကိုင်တွေ ဆုံးရှုံးခဲ့ကြပါတယ်။ ကပ်ဘေးအလွန်မှာ အလုပ်သစ်အတွက် အင်တာဗျူးရခဲ့ရင် ကိုယ်ဟာ အဲ့ဒီအလုပ်နဲ့ ထိုက်တန်ကြောင်း Skills သစ်တွေ ပြနိုင်ဖို့ လိုပါတယ်။ ဒီတော့ အသစ်လျှောက်မယ့် အလုပ်အင်တာဗျူးမှာ အတတ်ပညာပိုင်း Professional Skills တွေအပြင် အဖွဲ့အစည်းတိုင်းမှာ အသုံးကျဆုံး Soft Skills ၅ မျိုးလည်း ဖြည့်ဆည်း ထားဖို့ လိုမှာပါ။

(၁) အချိန်စီမံခန့်ခွဲမှု

Photo: Pexels

အင်တာဗျူးမှာ အချိန်နောက်ကျပြီးမှ ရောက်လာတဲ့သူကို ဘယ်အလုပ်ရှင်ကမှ သဘောကျမှာ မဟုတ်ပါဘူး။ အချိန်ကို မလေးစားတဲ့သူဟာ အလုပ်ဝန်ပိဖို့ လွယ်ပါတယ်။ နောက်ပိုင်းမှာ အချိန်စီမံခန့်ခွဲမှု ညံ့သူကြောင့် လုပ်ငန်းခွင်လည်ပတ်မှုတွေ နှောင့်နှေးကြန့်ကြာကုန်မှာပါ။

(၂) ဆက်သွယ်ပြောဆိုမှု

Photo: MarketCap

ဘယ်အလုပ်ပဲ လျှောက်လျှောက် ကိုယ့်ဖောက်သည်တွေ ၊ လုပ်ဖော်ကိုင်ဖက်တွေနဲ့ အပြန်အလှန်ဆက်ဆံမှုတော့ လုပ်ရပါလိမ့်မယ်။ Communication Skills ကို ပုံစံအမျိုးမျိုးနဲ့ ဖော်ပြနိုင်ပါတယ်။ စကားပြောဆိုတာအပြင် အီးမေးလ်တွေ ဖတ်ပြီး အပြန်အလှန် ဆက်သွယ်မှုလုပ်တာ Social Network ပေါ်မှာ အလုပ်ခွင်နဲ့ပတ်သက်တာတွေကို စည်းစောင့်တာအထိ ပါဝင်ပါတယ်။

(၃) ခေါင်းဆောင်မှု

Photo : Profiles in Diversity Journal

အမြင့်တက်ပြီး တာဝန်ယူမှု လုပ်မယ် ၊ ကိစ္စတွေကို ကိုယ်တိုင်ဆုံးဖြတ်စီမံမယ်ဆိုတဲ့သူတွေဟာ ခေါင်းဆောင်မှုစွမ်းရည် မရှိလို့ မဖြစ်ပါဘူး။ ခေါင်းဆောင်မှုစွမ်းရည်ရှိသူဟာ အလုပ်မှာ ရာထူးအမြင့်နဲ့ တာဝန်ကြီးကြီးယူနိုင်တဲ့အထိ တက်လှမ်းသွားပါလိမ့်မယ်။

(၄) အဖွဲ့အစည်းစိတ်ဓါတ်

Photo : Social Space

Teamwork ဆိုတာ အလုပ်တိုင်း ၊ အဖွဲ့အစည်းတိုင်းရဲ့ ပင်မအခြေခံပဲ ဖြစ်ပါတယ်။ အဖွဲ့အစည်းလိုက် စိတ်ဓါတ်တွေနဲ့သာ အောင်မြင်တဲ့ အော်ပရေးရှင်းတွေ လုပ်နိုင်မှာပါ။

(၅) လေ့လာချင်စိတ်

Photo: All Events in City

အမြဲတမ်း တက်ကြွစူးစမ်းတဲ့ စိတ်နဲ့ သင်ယူနေသူဟာ အမြင့်ကို လှမ်းနိုင်မှာ သေချာပါတယ်။ အလုပ်အကိုင်တိုင်း လုပ်ငန်းနယ်ပယ်တိုင်းမှာ သင်ယူစရာတွေ အပြည့်ရှိပါတယ်။ ဒီလို သင်ယူချင်တဲ့ စိတ်ကပဲ အလုပ်အကိုင်တိုင်းမှာ အောင်မြင်မှု ရရှိအောင် ကူညီပေးနိုင်မှာ ဖြစ်ပါတယ်။