မိန်းကလေးတွေအတွက် ဒီတစ်ခါမှာတော့ တစ်ဖြေးဖြေးနဲ့ ဆောင်းရာသီလည်း ရောက်လာတော့မှာဆိုတော့ ဆောင်းတွင်းအချိန်အခါနဲ့ လိုက်ဖက်တဲ့ Soft Makeup Look ပြင်နည်းလေးကို မျှဝေပေးလိုက်ပါတယ်။

အရင်ဆုံးအောက်ခံ Foundation လိမ်းပါမယ်။

Powder လိမ်းပါမယ်။ Powder Brush နဲ့လိမ်းပါမယ်။

မျက်ခုံးမွှေးဆွဲပါမယ်။ မျက်ခုံးမွှေးဆွဲပြီးရင် Brow Gel နဲ့ဖြီးပါမယ်။

အသားရောင် Eyeshadow လေးကို မျက်ခွံမှာ ခြယ်ပါမယ်။ မျက်လုံးအောက်နားကိုပါ တစ်ခါထဲခြယ်သွားပေးပါ။

အညိုဖျော့ရောင် Eyeshadow ကို မျက်ခွံအလယ်လောက်အထိ ခြယ်ပါမယ်။ မျက်လုံးအောက်နားကိုလည်း ခြယ်ပါမယ်။

ရွှေရောင်အဖျော့ Glitter Eyeshadow ကို မျက်လုံးအောက်နား အရှေ့ဘက်ကနေစယူပြီး တစ်ဝက်လောက်ရောက်တဲ့အထိ ခြယ်ပါမယ်။

ရွှေရောင် Eyeshadow ကိုတော့ မျက်ခွံမှာခြယ်ပါမယ်။

Gel Eyeliner နဲ့ Wings ပဲထွက်အောင်ဆွဲပါမယ်။ အရှေ့ဘက်ကနေ စမဆွဲပါဘူး။

အညိုရောင် Eyeshadow နဲ့ ပုံမှာပြထားသလိုမျိုးလေး ထပ်ဆွဲပေးပါ။ ပြီးရင် Blend လုပ်ပေးပါ။

အညိုရောင် Eyeshadow နဲ့ မျက်လုံးအောက်နားကို ဆွဲပါမယ်။ ဒါမှ မျက်လုံးလေးက ပိုဝိုင်းသွားပြီး ထင်းနေမှာပါ။

Mascara နဲ့ မျက်တောင်ကော့ပါမယ်။ အပေါ်မျက်တောင်ကော့ပြီးရင် အောက်မျက်တောင်ကိုလည်း ကော့ဖို့မမေ့ပါနဲ့။

ပါးနီကိုတော့ Peach အရောင်ဖျော့ဖျော့လေး (သို့) လိမ္မော်ရောင်ဖျော့ဖျော့လေးကို ခြယ်ပါမယ်။

နှာတံဖော်ပြီး နှာတံနေရာလေးကို Highlighter အဖြူ ခြယ်ပါမယ်။ မေးစိ၊ ပါးရိုးနေရာလေးတွေကိုလည်း နည်းနည်းစီခြယ်ပါမယ်။

နှုတ်ခမ်းနီကို Nude အရောင်၊ အညိုဖျော့ စတာလေးတွေ ဆိုးပေးပါ။

ဒါဆိုရင်တော့ ဆောင်းတွင်းအချိန်အခါနဲ့ လိုက်ဖက်တဲ့ Soft Makeup Look လေးကို ရရှိသွားပါပြီ။