ပုရိသ အများစုက အသံသေးသေးလေးနဲ့ မိန်းကလေး ဆန်ဆန် ချစ်ဖို့ကောင်းတဲ့ ကောင်မလေး အများစုကို မြင်မြင်ချင်း ကြွေတတ်ကြပါတယ်။ ဒီလိုကောင်မလေးတွေက ဆန့်ကျင်ဘက်လိင်ကို ပိုဆွဲဆောင်နိုင်တဲ့ စွမ်းအားတစ်ခုကို ပိုင်ဆိုင်ထားတတ်ပါတယ်။ လူကောင်သေးပြီး နူးညံ့တဲ့ ပျိုမေတွေအနေနဲ့ ကိုယ်ဖက်ရှင်ပိုင်းကိုလည်း ပိုပေါ်လွင်အောင် ဝတ်ဆင်နိုင်ပါတယ်။ သင်က သင့်ကိုယ်သင် Soft ဖြစ်တယ်လို့ ယူဆတယ်ဆိုရင်တော့ အောက်ဖော်ပြပါ ဖက်ရှင်တွေက သင်နဲ့ လိုက်ဖက်နေမှာပါ။

၁။ ပိုးသားဂါဝန်လေးနဲ့ အပြင်ထပ် အပါးလေး

ပိုးသား ဂါဝန်က ဆွဲဆောင်မှု ရှိခြင်းကို ဖော်ညွှန်းနိုင်ပါတယ်။ ဒီဂါဝန်ပေါ်က အပြင်ထပ်လေး ထပ်ဝတ်လ်ိုက်တဲ့အခါ Stylist Girl လေး ဖြစ်စေပါတယ်။

၂။ Crop ခါးတို နဲ့ ဘောင်းဘီရှည်

ရိုးရိုးရှင်းရှင်း ပေါ့ပေါ့ပါးပါး ဝတ်ရတာကို ကြိုက်တယ်ဆိုရင် ဒီ Look လေးက Soft Girl တွေနဲ့ လိုက်ဖက်ပါတယ်။

၃။ စကပ်အကားလေးနဲ့ Crop

ဒီ ဝတ်စုံလေးကတော့ ကြည့်လိုက်ရုံနဲ့ ဘယ်လောက်ချစ်ဖို့ကောင်းလဲ သင်ခံစားမိမှာပါ။

၄။ Hoodie နဲ့

Hoodie အပွနဲ့အတူ အောက်က ဘောင်းဘီအပွလေးကလည်း လူငယ်ဆန်ဆန် Soft Girl တွေနဲ့ လိုက်ဖက်ပါတယ်။

၅။ Sweatshirt နဲ့ Skirt

Sweatshirt ကို Skirt ထဲ ထည့်ဝတ်တာက ကြည့်လေ အသည်းယားလေ ဆိုတဲ့ ဖက်ရှင်မျိုးပါ။

၆။ Sweater သား အင်္ကျီနဲ့ ဘောင်းဘီရှည်

ပျိုမေတွေကြား အဝတ်များလာတဲ့ Sweater သားအပါး အင်္ကျီလေးနဲ့ ဘောင်းဘီရှည်ကလည်း နူးညံ့တဲ့ ပျိုမေတို့နဲ့ လိုက်ဖက်ပါတယ်။

၇။ Tennis Skirt အဖြူနဲ့

Tennis Skirt အဖြူက ချစ်ဖို့ကောင်းတဲ့ ပျိုမေတိုင်းနဲ့ လိုက်ဖက်ပါတယ်။ ဒါ့အပြင် သင့်ကို နဂိုထက် ထူးခြားစေပါလိမ့်မယ်။

Photo Source: Pinterest

By MyStyle Myanmar