Everyday Look အတွက်အဆင်ပြေတဲ့ Soft Girl Makeup Look ပြင်နည်းကို မျှဝေပေးလိုက်ပါတယ်။ ရိုးရိုးလေးနဲ့ Soft ဖြစ်ပြီးလှနေစေမယ့် Look လေးဖြစ်လို့ မိန်းကလေးတိုင်းနဲ့ လိုက်ဖက်ပါတယ်။

အရင်ဆုံး ပုံမှာလိမ်းပြထားတဲ့ နေရာတွေကို Foundation လိမ်းပြီး Blend လုပ်ပါမယ်။ Blend လုပ်တဲ့အခါမှာ Makeup Sponge နဲ့လုပ်ပေးပါ။

Powder လိမ်းတဲ့အခါမှာလည်း ခုနက Foundation လိမ်းပြထားတဲ့ နေရာတွေကို အဓိကထားပြီး လိမ်းပေးပါ။

မျက်ခုံးမွှေးကို ကိုယ်ဆွဲနေကျအတိုင်းပဲ ဆွဲပေးပါ။ မျက်ခုံးမွှေးဆွဲတဲ့အခါမှာ ကိုယ့်ဆံပင်အရောင်နဲ့ လိုက်တဲ့အရောင်ကို ရွေးချယ်ပါ။

Eyeshadow ကိုတော့ လိမ္မော်ရောင်လေးခြယ်ပါမယ်။

မျက်ရစ်နေရာလေးကို အဖြူရောင် Glitter Eyeshadow ခြယ်ပြီး အပေါ်ကိုပါ မျက်ခွံတစ်ဝက်လောက်အထိ Blend လုပ်ပေးပါ။

Glitter Eyeshadow Gel အဖြူကို မျက်ရစ်နေရာလေးမှာ နည်းနည်းခြယ်ပါမယ်။ မျက်လုံးအောက်နားကိုပါ နည်းနည်းခြယ်ပါမယ်။

Mascara နဲ့ မျက်တောင်ကော့ပါမယ်။

နှုတ်ခမ်းနီကိုတော့ အညိုဖောက်တဲ့အရောင်လေးပဲ ဆိုးပေးပါ

နှာတံနေရာလေးကို Highlighter ခြယ်ပေးပါ။ နှုတ်ခမ်းထိပ်နားလေးကိုလည်း နည်းနည်းခြယ်ပေးပါ။

မျက်ခုံးအောက်နားနဲ့ ပါးရိုးနှစ်ဖက်ကိုလည်း Highlighter နည်းနည်းခြယ်ပါမယ်။

ဒါဆိုရင်တော့ ရိုးရိုးလေးနဲ့ Soft ဖြစ်ပြီးလှတဲ့ Soft Girl Makeup Look လေးကို ပြင်ဆင်ပြီးသွားပြီပဲ ဖြစ်ပါတယ်။