မင်္ဂလာပါနော်။ ဒီတစ်ခါမှာတော့ ခပ်မိုက်မိုက်ပုံစံတွေထက် မိန်းကလေးဆန်ပြီး Soft ဖြစ်တဲ့ စတိုင်လေးရချင်တဲ့ ကောင်မလေးတို့အတွက် အရောင်နုနုလေးတွေတွဲစပ်ပြီး ချစ်စရာကောင်းအောင်ဝတ်ဆင်နိုင်မယ့် Outfit လေးတွေကို ဖော်ပြပေးသွားမှာပါ။
နူးညံ့တဲ့ Soft Girl စတိုင်မျိုးက များသောအားဖြင့် မိန်းကလေးဆန်ပြီး ချစ်စရာကောင်းတဲ့ Tennis Skirt လးတွေ၊ ဆွယ်တာဝတ်စကုပ်လေးတွေ၊ Cardigan အင်္ကျီတွေနဲ့ ကိုယ်ကျပ် Baby Tee အင်္ကျီလေးတွေ နဲ့တွဲစပ်ပြီး ဝတ်ဆင်ရတဲ့ ဖက်ရှင်ပုံစံမျိုးပါ။ ဒါ့အပြင် ဒီလိုပုံစံဝတ်တဲ့သူတွေက Hair ကလစ်ခပ်ကြီးကြီးတွေ၊ Bucket Hat နဲ့ အဝတ် Headband လေးတွေစတဲ့ Accessories လေးတွေနဲ့ တွဲဝတ်လို့လည်း အရမ်းလိုက်ပါတယ်။ ကိုယ့် Outfit နဲ့အရောင်တူတာလေးတွေဝတ်ပေးမယ်ဆိုရင် ပိုပြီးလူငယ်ဆန်တဲ့ ချစ်စရာ Fashion လေးရစေမှာပါ။ ဒီကြောင့်မို့ ဒီလို မိန်းကလေးဆန်ဆန် နူးညံ့တဲ့ အရောင်နုနုတွေနဲ့ Fashion ပုံစံလေးတွေ စိတ်ဝင်စားတဲ့သူတိုင်းအတွက် စမ်းဝတ်ကြည့်နိုင်မယ့် Outfit ပုံစံအတွဲအစပ်လေးတွေကို မျှဝေပေးလိုက်ရပါတယ်။ ကြည့်လိုက်ရအောင်နော်-
Photo Source: cosmo.ph, Pinterest
By MyStyle Myanmar