မိန်းကလေးတွေအတွက် နူးညံ့တဲ့ပုံစံလေးနဲ့ အရမ်းလှတဲ့ Everyday Makeup Look ပြင်နည်းကို မျှဝေပေးလိုက်ပါတယ်။ ဘယ်သွားသွား နေ့တိုင်းပြင်လို့လည်း အဆင်ပြေပြီး ဘယ်တော့မှလည်း ရိုးမသွားမယ့် Makeup Look လေးဖြစ်ပါတယ်။

အရင်ဆုံး မိတ်ကပ်မလိမ်းခင်မှာ လိုအပ်တဲ့ Skincare တွေလိမ်းပြီးရင် Sunscreen နဲ့ Primer ကိုလည်း မဖြစ်မနေလိမ်းပေးပါ။ ဒီအဆင့်တွေပြီးမှ မိတ်ကပ်စပြင်မှာဖြစ်ပါတယ်။

မိတ်ကပ်မလိမ်းခင်မှာ မျက်ခုံးမွှေးကို သေချာဖြီးပြီး ပုံသွင်းဆွဲပေးပါ။

မျက်ကွင်းညိုတာကိုဖုံးဖို့အတွက် Concealer သုံးပါမယ်။

ပါးရိုးအောက်နားလေးမှာလည်း Concealer နည်းနည်းလိမ်းပေးပါ။ ဒါမှ အသားအရောင်ညီပြီး လှနေမှာပါ။

မေးစိ၊ နှာတံနဲ့ နဖူးမှာလည်း Concealer သုံးပါမယ်။ T zone နေရာလေးလင်းနေရင် မိတ်ကပ်ကပိုလှစေပါတယ်။

Concealer ကို ဒီလိုသုံးပြီးပြီဆိုရင် Foundation မလိမ်းတော့ပဲ Powder တန်းလိမ်းလို့ရပါတယ်။ Foundation လိမ်းမယ်ဆိုလည်း ရပါတယ်။ Powder လိမ်းတဲ့အခါမှာ Brush နဲ့ယူပြီး သေချာဖိဖိပြီးလိမ်းပေးပါ။ ဒါမှ မိတ်ကပ်သားသိပ်သိပ်လေးနဲ့ ပိုလှမှာပါ။

အညိုရောင်ဘက်သွားတဲ့ Eyeshadow ကို မျက်ခွံပေါ်မှာခြယ်ပေးပါ။

Eyeshadow အညိုရောင်အရင့်ကိုယူပြီး မျက်ခွံထောင့်နားမှာ ထပ်ခြယ်ပေးပါ။

ပထမဆုံးခြယ်ထားတဲ့ အညိုရောင်ဘက်သွားတဲ့ Eyeshadow ကိုယူပြီး မျက်လုံးအောက်နားလေးမှာ ထပ်ခြယ်ပေးပါ။

ပါးနီကိုတော့ ပုံမှာပြထားတဲ့ ပန်းရောင်လေး ခြယ်ပါမယ်။

မိတ်ကပ်သား Glow ပြီး ပြောင်ပြောင်လေးဖြစ်နေစေဖို့အတွက် ပါးရိုးနေရာ၊ မေးစိနဲ့ နှာတံနေရာလေးတွေမှာ highlighter ခြယ်ပေးပါ။ မျက်လုံးထောင့်စွန်းလေးတွေမှာလည်း လက်လေးနဲ့တို့ပြီး ခြယ်ပေးပါ။

မိတ်ကပ်သားပိုလှသွားအောင် Setting spray ဖြန်းပါမယ်။

နှုတ်ခမ်းနီကို ပန်းရောင်နုနုလေးဆိုးပြီး အတွင်းသားကို အနီရဲရဲလေးဆိုးပေးပါ။

ဒါဆိုရင်တော့ နူးညံ့တဲ့ပုံစံလေးနဲ့အရမ်းလှတဲ့ Everyday Makeup Look လေးကို ရရှိသွားပြီပဲဖြစ်ပါတယ်။

source:www.deviennamakeup